မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 13, 2016

အီတလီနှင့် ပွဲစဉ်မှာ ပါဝင်လာနိုင်တဲ့ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် ဟာဇက်




ယူရို - ၂၁၀၆ ရဲ့ အုပ်စု ပွဲစဉ်တွေကို ဇွန်လ ၁၃ ရက်နေ့ ဒီနေ့နဲ့ ဇွန်လ ၁၄ရက်နေ့ အစော ပိုင်းတွေမှာ ဆက်လက် ကျင်းပမှာ ဖြစ်ရာ အီတလီ အသင်းနဲ့ ဘယ်လ်ဂျီယံ အသင်း တို့ရဲ့ ပွဲစဉ်လည်း ပါဝင် ပါတယ်။

အီတလီအသင်းနဲ့ ဘယ်လ်ဂျီယံ အသင်းရဲ့ ပွဲစဉ်ကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၁နာရီခွဲမှာ ကစားဖို့ရှိနေပါတယ်။ အီတလီနဲ့ ယှဉ်ပြိုင်မယ့် ဘယ်လ်ဂျီယံရဲ့ အသင်းခေါင်းဆောင် ဟာဇက်ဟာ ဇွန် ၁၀ ရက်က ပြု လုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ နှစ်သင်းခွဲပြီး ခြေစမ်းပွဲ ကစားစဉ် ခြေထောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီအတွက် ဒီနေ့ ကစားရမယ့် အီတလီအသင်းနဲ့ အုပ်စုအဖွင့်ပွဲမှာ ၎င်း ပါဝင်နိုင်ဖွယ်ရှိ၊ မရှိ မီဒီယာတွေက မေးမြန်းခဲ့ရာ နည်းပြ ၀ီလ်မို့စ်က သူ့ရဲ့ အခြေအနေက ပြင်းထန်မယ်လို့ မထင်ဘဲ သာမန် ထိခိုက်မိတာလို့ ဖြေကြားခဲ့တာကြောင့် အီတလီနဲ့ ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ် ရှိတာ ဖြစ်ပါတယ်။



Eleven Burma

Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA

No comments:

Post a Comment