
ဆူဇူကီး ဖလား အတွက် အကြို ပြင်ဆင်မှု အဖြစ် မြန်မာ အသင်းဟာ ဒီကနေ့ အင်ဒိုနီးရှား အသင်းနဲ့ သုဝဏ္ဏ ကွင်းမှာ ခြေစမ်း ကစားခဲ့ရာမှာ ဂိုးမရှိ သရေ ရလဒ်သာ ရရှိခဲ့ ပါတယ်။
အောင်သူ၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း အစရှိတဲ့ အဓိက ကစားသမား အများစုနဲ့ ပွဲထွက်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာ နဲ့ ကစားနိုင်ခဲ့ ပေမယ့် အဆုံးသတ် မသေချာ တာကြောင့် သရေ ရလဒ်သာ ရခဲ့တာ ဖြစ်ပါတယ်။
မြန်မာ အသင်းရဲ့ လက်ရှိ ကစားပုံကို အရမ်း စိတ်ပျက် မိတယ်လို့ နည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်က ပြောဆိုခဲ့ပြီး တိုက်စစ်ပိုင်းကို အားမရဘူးလို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာအသင်းဟာ ဥရောပ ခရီးစဉ်က အပြန်မှာ အင်ဒိုနီးရှား အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်
From : 7DayDaily - YouTube
Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ





No comments:
Post a Comment