မြန်မာ တနိုင်ငံလုံး ဆိုင်ရာ မသန်စွမ်း သူများ အားကစား ပြိုင်ပွဲကို ဒဂုံမြို့သစ် မြောက်ပိုင်း မသန်စွမ်း သူများ အဖွဲ့ချုပ် ကွင်းမှာ နိုဝင်ဘာ ၅ ရက်နေ့ ကနေ ၇ ရက်နေ့ အထိ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ် ၁၁ ခုက မသန်စွမ်း ၄ မျိုးဖြစ်တဲ့ ကိုယ်အင်္ဂါ၊ အကြား အာရုံ၊ အမြင် အာရုံ၊ ဉာဏ်ရည် မသန်စွမ်း အားကစား သမား ၄၀၀ ကျော် ကနေ အားကစားနည်း ၁၂ မျိုးဖြစ်တဲ့ ပြေးခုန်ပစ်၊ ရေကူး၊ ဘက်စကတ်ဘော၊ ဘောလီဘော စတဲ့ အားကစား တွေကို ယှဉ်ပြိုင် သွားကြမှာ ဖြစ်ပါတယ်။
၅ ရက်ကနေ ၇ ရက်နေ့ အထိကို ပြေးခုန်ပစ် အားကစား ပြိုင်ပွဲတွေ ယှဉ်ပြိုင် ကြမှာဖြစ်ပြီး ၈ ရက်နေ့က ၁၀ ရက်နေ့မှာ ဉာဏ်ရည် မသန်စွမ်း သူတွေ ဘောလုံး ယှဉ်ပြိုင် ကြမှာ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်ကနေ ၁၆ ရက်နေ့ အထိကို အခြား အားကစား ပြိုင်ပွဲတွေ ဖြစ်တဲ့ ဘောလုံး၊ ဘောလီဘော၊ ဘက်စကတ်ဘော စတာတွေကို ဉာဏ်ရည် မသန်စွမ်း၊ ကိုယ်အင်္ဂါ မသန်စွမ်းတွေ ကနေ ယှဉ်ပြိုင် ကစားသွားဖို့ ရှိပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၂ ရက်တာ ကျင်းပမယ့် အားကစား ပြိုင်ပွဲတွေကို မနက် ၈ နာရီမှာ စတင် ယှဉ်ပြိုင် ကြတာ ဖြစ်တာကြောင့် မသန်စွမ်း အားကစား သမားတွေ အတွက် လှူဒါန်းဖို့ ကိုလည်း မြောက်ဒဂုံ မ.ဝ.တ လမ်းဆုံနဲ့ တောင်မြောက် လမ်းဆုံကြား မြန်မာနိုင်ငံ မသန်စွမ်း သူများ အဖွဲ့ချုပ်ရှိရာ အားကစား ကွင်းမှာ လာရောက် အားပေး လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ် ထားပါတယ်။
From : ဒီဗွီဘီ by လေးလေးမွန်
Originally published at - http://burmese.dvb.no/archives/174820
No comments:
Post a Comment