မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 7, 2017

ဗီလာရီးယဲလ်ကို ၄-၁ ဂိုးနှင့် နိုင်ပြီး ချန်ပီယံဆု မျှော်လင့်ချက် ရှင်သန်လာသည့် ဘာစီလိုနာ




စပိန်ထိပ်သီး ဘာစီလိုနာ အသင်းဟာ မနေ့ညက ကန်သွားတဲ့ လာလီဂါလီ ပွဲစဉ်မှာ ဗီလာ ရီးယဲလ်ကို ၄ ဂိုး ၁ဂိုးနဲ့ နိုင်ပွဲ ယူခဲ့တာကြောင့် အခုနှစ်ရာသီ ချန်ပီယံဆု အတွက် မျှော်လင့်ချက် ရှိလာ ခဲ့ပြီဖြစ် ပါတယ်။

ဗီလာရီးယဲလ်ကလည်း အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့တာကြောင့်ဘာစီလိုနာ အနေနဲ့ အလွယ်တကူ အနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။

ပွဲချိန် ၂၁ မိနစ်မှာ နေမာက ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ၃၂ မိနစ်မှာ ဗီလာရီးယဲလ်တိုက်စစ်မှူး ဘာကမ်ဘူက လူကျွံထောင်ချောက်ကို ဖောက်ထွက်ကာ ဘာစီလိုနာ နောက်ခံလူ ပီကေးနဲ့အပြိုင်ပြေးပြီး အပိုင်ကန်သွင်းကာ ချေပဂိုးသွင်းယူခဲ့ပါတယ်။

အဲဒီနောက်မှာ နှစ်သင်းစလုံး တိုက်စစ်အပြိုင်ဖွင့်လာပြီး ဘာစီလိုနာက ပီကေးနဲ့ ဗီလာရီးယဲလ်က ဆိုလ်ဒါဒိုတို့အပိုင် ခေါင်းတိုက်ခွင့်ကိုယ်စီရပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ ဘာစီလိုနာအတွက် ဒုတိယဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာ မက်ဆီက သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးက ဗီလာရီးယဲလ်ခံစစ်နဲ့ထိ လမ်းကြောင်းပြောင်းဝင်ခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ ဘာစီလိုနာ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဗီလာရီးယဲလ်က ဘာစီလိုနာခံစစ်ကို သိပ်ဖိအား မပေးနိုင်တော့သလို အခွင့်အရေးတွေလည်း သိပ်မရခဲ့ဘူး။

ဒုတိယပိုင်း ၆၉ မိနစ်မှာ ဆွာရက်ဇ်က ဗီလာရီးယဲလ်နောက်ခံလူတွေကို လှည့်ဖျားပြီး တတိယဂိုးကို အပိုင်ကန်သွင်းယူခဲ့ပါတယ်။ ဘာစီလိုနာအတွက် နောက်ဆုံးဂိုးကို ၈၂ မိနစ်မှာ မက်ဆီက ပယ်နယ်တီကနေ ကန်သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ ဒီရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ပြိုင်ပွဲစုံ ဂိုး ၅၀ ပြည့်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/205207

No comments:

Post a Comment