Sunday, May 7, 2017
မန်စီးတီးအသင်း ခရစ်စတယ်ပဲလေ့စ်ကို ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)
အင်္ဂလန် နိုင်ငံ အီတီဟက်ဒ် အားကစား ရုံမှာ မေလ ၇ ရက်နေ့က ကျင်းပတဲ့ ပရီမီယားလိ့ဂ် ပွဲစဉ်မှာ မန်ချက်စတာ စီးတီး အသင်းက ခရစ်စတယ် ပဲလေ့စ် အသင်းကို ၅ ဂိုး ၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပြီး မန်စီးတီး အသင်းက ဒေးဗစ် ဆေးလ်ဗားက အသင်းကို ပွဲစဉ်မှာ တတိယနေရာ ရောက်သွား စေတယ်လို့ စကိုင်း စပေါ့တ် သတင်းမှာ ရေးထား ပါတယ်။
မန်စီးတီးအသင်းရဲ့ကစားသမား ဒေးဗစ်ဆေးလ်ဗားက ပွဲစဉ် တစ်ဝက် အချိန် အတွင်းမှာ ဒဏ်ရာ ရရာ ကနေ ပြန်လာပြီး ၁ မိနစ်နဲ့ ၅၄ စက္ကန့် အကြာမှာ ဂိုး ၁ ဂိုးသွင်းပြီး ဦးဆောင်ခဲ့ပြီး ဒုတိယ ပွဲစဉ်မှာ ဗင်းဆင့် ကုန်ပနီက ဂိုးသွင်း ခဲ့တာပါ။
မန်စီးတီးအသင်းက ပြီးခဲ့တဲ့ လက ချယ်လ်ဆီယာ လစ်ဗားပူးလ်နဲ့ အာဆင်နယ်အသင်းတွေကို အနိုင်ယူခဲ့ပြီး ပရီမီယားလိ့ဂ်ပွဲစဉ်တွေအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေတုန်းလို့ သိရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/205197
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment