မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 24, 2015

လက်စတာ တိုက်စစ်မှူး နှစ်ဦး အပြောင်းအရွှေ့ဈေးကွက်တွင် ဦးဆောင်နေ




အင်္ဂလန်၊ ဒီဇင်ဘာ ၂၄

လက်စတာ တိုက်စစ် ကစားသမား နှစ်ဦးဖြစ်သည့် ဗာဒီနှင့် မာရက်ဇ်တို့သည် ဇန်န၀ါရီလ ပရီးမီးယားလိဂ် အပြောင်း အရွှေ့ဈေးကွက်ကို ဦးဆောင်လျက် ရှိနေ ကြသည်။

ဗာဒီနှင့် မာရက်ဇ်တို့သည် နှစ်ဦးပေါင်း ပရီးမီးယားလိဂ် သွင်းဂိုး ၂၈ ဂိုး အထိ သွင်းယူ ထားကြပြီး လက်စတာ အသင်းကို အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ဦးဆောင်နိုင်အောင် ခြေစွမ်းပြလျက် ရှိနေကြသည်။

ထို့ကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးများမှာ ၎င်းတို့နှစ်ဦးကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေကြသည်။ လက်စတာတောင်ပံကစားသမား မာရက်ဇ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ထိပ်သီးအသင်းများ၏ အလိုရှိမှုတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဗာဒီက ပေါင်သန်း ၂၀ ဖြင့် ဒုတိယနေရာမှ လိုက်နေသည်။

၎င်းတို့နှစ်ဦးနောက်တွင် ၀က်စ်ဟမ်းကွင်းလယ်လူ ပေယက်မှာ ပေါင် ၁၈ သန်းဖြင့် ထိပ်သီးအသင်းများ၏ အလိုရှိဆုံးကစားသမားဖြစ်လျက်ရှိသည်။ ၀က်ဖို့ဒ်တိုက်စစ်ကစားသမားများဖြစ်သည့် ဒီနေးနှင့် အိုဒီအွန်တို့မှာလည်း ထိပ်ဆုံးစာရင်းတွင် ပါဝင်လျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/8945


No comments:

Post a Comment