
လာမယ့် ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ကတော့ စိတ်ဝင်စား စရာ အပြည့်နဲ့ စောင့်ကြိုနေ အုံးမှာပါ။ လူသစ်တွေ ခေါ်ယူမယ်လို့ လေသံ ပစ်ထားတဲ့ အသင်းတွေ ကလည်း ခပ်များများ ဆိုတော့ ဘယ် ကစားသမား တွေက ဘယ်လို ပြောင်းရွှေ့ကြေးတွေနဲ့ ရောက်ရှိ လာအုံးမလဲ ဆိုတာကတော့ စိတ်ဝင်စား စရာပါပဲ။
အခုလောလော ဆယ်မှာတော့ မန်ယူ အသင်းက လက်စတာမှာ ခြေစွာနေတဲ့ ကွင်းလယ်လူ Mahrez ကို ခေါ်ယူ လိုနေတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ လက်စတာ အသင်းမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပြီး ပရီးမီးယား လိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူ ထားနိုင်ပြီး အသင်းဖော် Vardy ရဲ့ ၁၅ ဂိုး နောက်မှာ ပရီးမီးယားလိဂ် ဒုတိယ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်ရပ်တည်လျက် ရှိပါတယ်။
သူဟာ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ထိုးဖောက်ပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်သာမကပဲ ကိုယ်တိုင်လည်း ဂိုးတွေသွင်းယူပေးထားနိုင်သူပါ။
သူ့ကိုတော့ မန်ယူနည်းပြ Van Gaal က သဘောကျလျက်ရှိပြီး ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ကူညီပေးနိုင်မယ့်သူလို့ ထင်နေပါတယ်။
Mahrez ကို ခေါ်ယူမယ်ဆိုရင်တော့ မန်ယူအသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်း ပေးချေရမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
Mahrez ဟာ လက်ရှိအချိန်မှာတော့ လက်စတာအသင်းမှာပဲ ပျော်ရွှင်နေပြီး အသင်းပြောင်းဖို့ကို ရာသီကုန်မှသာ စဉ်းစားသွားမယ်လို့ ပြောပါတယ်။
Ref : Mirror
Originally published at - http://sports.thithtoolwin.com/2015/12/mahrez_22.html





No comments:
Post a Comment