မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, August 5, 2016

BBC တိုက်စစ်အတွဲကို စူပါဖလားတွင် ရီးယဲလ် ဆုံးရှုံး ရဖွယ်ရှိ




ယူရို ပြိုင်ပွဲတွင် ဒဏ်ရာ ရရှိခဲ့သော တိုက်စစ်မှူး ရော်နယ်ဒို အနေဖြင့် ဆီးဗီးလားနှင့် ရီးယဲလ်တို့ ကစား ရမည့် စူပါ ဖလားပွဲကို လွဲချော်ရန် သေချာနေသည့် အချိန်တွင် အခြား တိုက်စစ် မှူးများ ဖြစ်ကြသော ဘန်ဇီမာနှင့် ဘေးလ်တို့ မှာလည်း ဒဏ်ရာ ကိုယ်စီဖြင့် ရုန်းကန်နေ ရသဖြင့် ရီးယဲလ် အသင်းသည် သူတို့၏ BBC တိုက်စစ် အတွဲကို ယင်းပွဲ အတွက် ဆုံးရှုံး ရဖွယ်ရှိနေသည်။

ရီးယဲလ်အသင်းနှင့် ဘိုင်ယန်အသင်းတို့ ကစားခဲ့သည့် နိုင်ငံတကာချန်ပီယံဖလား ပြိုင်ပွဲတွင် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့သည့် ဘန်ဇီမာ မှာ ဆီးဗီးလားနှင့် ပွဲတွင် ပါဝင်နိုင်ရန် မသေချာသေးသည့် အနေအထားတွင် ရှိနေသည်။

ရီးယဲလ်အသင်း၏ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သော ဂါရက်ဘေးလ်မှာမူ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်သော်လည်း ယူရိုပြိုင်ပွဲက ရရှိခဲ့သည့် ပေါင်ခြံဒဏ်ရာကို စိုးရိမ်နေရဆဲဖြစ်သည်။

“ဘေးလ်ကတော့ စူပါဖလားပွဲမှာ ပါဝင်လာဖို့ ရာခိုင်နှုန်းများတယ်။ ဘန်ဇီမာကိုလည်း အသင်းရဲ့ တိုက်စစ်မှာ ပါဝင်လာစေချင်ပါတယ်။ တကယ်လို့ ဘန်ဇီမာ မပါနိုင်ရင်လည်း သူ့နေရာမှာ မိုရာတာက အဆင်သင့်ရှိနေမှာပါ။ မိုရာတာ ဂိုးမသွင်းနိုင်မှာကို ကျွန်တော် မစိုးရိမ်ပါဘူး” ဟု ရီးယဲလ်နည်းပြ ဇီဒန်းက ဆိုသည်။

Ref:Dailymail

Originally published at - https://www.facebook.com/thevoicemyanmar.mm

No comments:

Post a Comment