မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 22, 2017

အန်ဒါလက်ခ်ျနှင့် ပွဲတွင် ရခဲ့သော ဒဏ်ရာကြောင့် အီဗရာဟီမိုဗစ် ၂၀၁၇ နှစ်ကုန်ထိ အနားယူ ရနိုင်




မန်ယူ အသင်းက အန်ဒါလက်ခ်ျ အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ မတော် တဆ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ မန်ယူ တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ဟာ ၂၀၁၇ ခုနှစ် နှစ်ကုန် အထိ အနားယူ ရဖွယ် ရှိနေ ပါတယ်လို့ ဗြိတိန် သတင်း စာတွေက ဖော်ပြခဲ့ ကြပါတယ်။

အီဗရာဟီ မိုဗစ်ဟာ ခေါင်းခုန် တိုက်ပြီး ပြန် အကျမှာ အကျ မတော်ပဲ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဒူးအရွတ်မှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိ သွားတာကြောင့် မန်ယူ အသင်းရဲ့လက်ကျန် ပွဲစဉ် အားလုံးကို လွဲချော် ရပြီဖြစ်သလို ၂၀၁၇ ခုနှစ် နှစ်အကုန် အထိ အနားယူရဖို့ ရှိနေပါပြီ။


From : Mizzima - News in Burmese

Originally published at - https://www.facebook.com/MizzimaDaily/?hc_ref=NEWSFEED&fref=nf

No comments:

Post a Comment