![]() |
မန်ယူ ကွင်းလယ် သမားဟောင်း ပေါစခိုးလ် |
မန်ယူ အသင်း ဆယ်ကျော်သက် တိုက်စစ်မှူး ရပ်စ်ဖို့ဒ် အနေနဲ့ ကမ္ဘာကျော် တိုက်စစ်မှူး တယောက် ဖြစ်လာနိုင် တယ်လို့ မန်ယူ ကွင်းလယ် သမားဟောင်း ပေါစခိုးလ်က ဟောကိန်း ထုတ်လိုက် ပါတယ်။
အသက် ၁၉ နှစ် အရွယ် တိုက်စစ်မှူးဟာ ဒီနှစ် ရာသီထဲမှာ မန်ယူ အတွက် အဓိက နေရာ ကနေ ကစားပေး aနရပြီး ၁၀ ဂိုး သွင်းယူ ထားပါတယ်။
ကွင်းလယ် သမားဟောင်း ပေါစခိုးက ရပ်စ်ဖို့ဒ် အနေနဲ့ ကွင်းလယ် ကနေ တိုက်စစ်ဆင် ကစားတဲ့ အခါမှာ ထူးချွန်တဲ့သူ တယောက်ဖြစ်လာမယ် ဆိုတာ ယုံမှား သံသယ ရှိစရာ မလိုဘူးလို့ ပြောပါတယ်။
ဒီအရွယ်မှာတောင် အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားတယောက် ဖြစ်လာနေပြီလို့လည်း ဆိုထားပါတယ်။
တိုက်စစ်မှူးဟာ ဒီနှစ်ရာသီထဲမှာ မန်ယူနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ၄၉ ပွဲ ကစားပေးထားပါတယ်။
လောလောဆယ်မှာ မန်ယူမှာ အားထားရတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ် ဒဏ်ရာရသွားတဲ့အတွက် လူငယ်တိုက်စစ်မှူး ရပ်စ်ဖို့ဒ်အနေနဲ့ အခွင့်အရေး ပိုရလာလိမ့်မယ်လို့လည်း ယူဆနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202567

No comments:
Post a Comment