
ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု အိတ်ခ်ျ ပွဲစဉ် ၄ အဖြစ် ဘယ်လ်ဂျီယံနဲ့ အက်စ်တိုး နီးယားတို့ နိုဝင်ဘာ ၁၃ ရက်ညက ယှဉ်ပြိုင်ရာ ဘယ်လ်ဂျီယံက အိမ်ကွင်းမှာ ၈ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဘယ်လ်ဂျီယံဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန်သွင်း ခွင့်တွေမှာပါ အက်စ်တိုးနီးယားကို အပြတ် အသာစီး ရယူနိုင် ခဲ့တာပါ။
ဘယ်လ်ဂျီယံ အတွက် အနိုင် ဂိုးတွေကို ပွဲချိန် ၈ မိနစ်မှာ မူနီယာ၊ ၁၆ မိနစ်နဲ့ ၆၇ မိနစ်တွေမှာ မာတန်စ်၊ ၂၅ မိနစ်မှာ ဟာဇက်၊ ၆၂ မိနစ်မှာ ကာရက်စ်ကို၊ ၈၃ မိနစ်နဲ့ ၈၈ မိနစ်တို့မှာ လူကာကူတို့က အသီးသီးသွင်းယူပေးခဲ့သလို ပွဲချိန် ၆၄ မိနစ်မှာ အက်စ်တိုးနီးယား ကစားသမားတဦး ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့ပါတယ်။
အက်စ်တိုးနီးယားအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၂၉ မိနစ်မှာ အန်နီယာက သွင်းယူပေးခဲ့ပါတယ်။
ဘယ်လ်ဂျီယံဟာ ဒီပွဲမှာ အနိုင်ရခဲ့ပေမယ့် ပွဲချိန် ၇၄ မိနစ်မှာတော့ အဓိက ကစားသမား ဟာဇက် ဒဏ်ရာရသွားပြီး လူစားလဲခဲ့ရပါတယ်။
နည်းပြ မာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲစလုံး အနိုင်ရအောင် ကစားနိုင်ခဲ့သလို သွင်းဂိုး ၂၁ ဂိုးအထိ သွင်းထားနိုင်လို့လည်း တိုက်စစ်ထက်မြက်တဲ့ အသင်းတသင်းအဖြစ် ပြသထားနိုင်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/175969

No comments:
Post a Comment