
မန်ယူ အသင်းဟာ ကမ္ဘာပေါ်မှာ လုပ်ခ အမြင့် မားဆုံး ပေးချေရတဲ့ အသင်း အဖြစ် စံချိန်တင် ထားတယ်လို့ Global Sport ရဲ့လုပ်ခ စစ်တမ်းက ဖော်ပြ ပါတယ်။
မန်ယူ အသင်းဟာ ကစားသမားတွေ အတွက် တနှစ် လုပ်ခ ပေါင် ၅ ဒသမ ၇၇ သန်း ပေးချေ ထားရပြီး ဒီပမာဏဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘောလုံးကလပ်အသင်းတွေထဲမှာ တနှစ် ပျမ်းမျှလုပ်ခ အများဆုံး ပေးချေရတာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးရတဲ့ ပေါ့ဘာနဲ့ လုပ်ခလစာမြင့်မားတဲ့ အေဗရာဟီမိုဗစ်တို့ ရောက်ရှိလာတာကြောင့် အခုလို ကမ္ဘာပေါ်မှာ လုပ်ခလစာပေးချေမှု အများဆုံးအသင်း ဖြစ်ခဲ့တာပါ။
မန်ယူအသင်းရဲ့ နောက်မှာ ဘာစီလိုနာအသင်းက တနှစ်ပျမ်းမျှလုပ်ခ ပေါင် ၅ ဒသမ ၆၅ သန်းနဲ့ ဒုတိယ လုပ်ခလစာ အများဆုံးပေးချေရတဲ့ အသင်းအဖြစ် စံချိန်တင်ထားပါတယ်။
ဘာစီလိုနာရဲ့ နောက်မှာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်နဲ့ အာဆင်နယ်အသင်းတို့က လုပ်ခလစာ အများဆုံးပေးချေရတဲ့ အသင်းတွေအဖြစ် စံချိန်တင်ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/175988

No comments:
Post a Comment