Monday, November 14, 2016
တိုက်စစ်မှူး ရော်နယ်ဒို၏ ဂိုး ၂ ဂိုး အပါအ၀င် ၄ ဂိုး ၁ ဂိုးဖြင့် ပေါ်တူဂီက လတ်ဗီးယားကို နိုင် (ရုပ်သံဟိုက်လိုက်)
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု ဘီက ပေါ်တူဂီနဲ့ လတ်ဗီးယားတို့ နိုဝင်ဘာ ၁၃ ရက် ညက ယှဉ်ပြိုင်ရာ ဥရောပ ချန်ပီယံ ပေါ်တူဂီက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ပေါ်တူဂီ အတွက် ပွဲချိန် ၂၈ မှာ ကမ္ဘာကျော် တိုက်စစ်မှူး ရော်နယ်ဒိုက ပယ်နယ်တီက တဆင့် အဖွင့်ဂိုး သွင်းယူပေးပြီး ပထမ ပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ထားနိုင် ခဲ့ပါတယ်။
ပေါ်တူဂီဟာ ဒီပွဲကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပြီး ဘောလုံး ပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ အသာစီး ယူနိုင်ခဲ့သလို ဂိုးကန် သွင်းခွင့်လည်း အများအပြား ရခဲ့ပါတယ်။
ဒီ့နောက် ပွဲချိန် ၆၉ မိနစ်မှာ ကာဗယ်လ်ဟိုက ဒုတိယဂိုး၊ ၈၅ မိနစ်မှာ ရော်နယ်ဒိုကပဲ တတိယဂိုး၊ ပွဲချိန် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပိုမှာ ဘရူနိုအဲလ်ဗက်စ်က စတုတ္ထဂိုး သွင်းပေးခဲ့ပါတယ်။
လတ်ဗီးယားအတွက် နှစ်သိမ့်ချေပဂိုး တဂိုးကိုတော့ ၆၇ မိနစ်မှာ Zjuzins က သွင်းယူပေးခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက် ညကပဲ ယှဉ်ပြိုင်တဲ့ အုပ်စုဘီ အခြားပွဲစဉ်တွေမှာတော့ ဟန်ဂေရီက အန်ဒိုရာကို ၄ ဂိုး ဂိုးမရှိ၊ ဆွစ်ဇာလန်က ဖာရိုးအိုင်းလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။
အုပ်စုဘီက ၄ ပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ ဆွစ်ဇာလန်က ရမှတ် ၁၂ မှတ်နဲ့ အုပ်စု ပထမ၊ ပေါ်တူဂီက ၉ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဟန်ဂေရီက ၇ မှတ်နဲ့ အုပ်စု တတိယ၊ ဖာရိုးအိုင်းလန်းက ၄ မှတ်နဲ့ စတုတ္ထ၊ လတ်ဗီးယားက ၃ မှတ်နဲ့ ပဉ္စမ၊ အန်ဒိုရာက အမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးမှာ အသီးသီးရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/175936
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment