မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 8, 2016

John Stones ကို အပြိုင် လုကြတော့မယ့် ချယ်လ်ဆီးနဲ့ ဘာစီလိုနာ




ချယ်လ်ဆီး အသင်းဟာ အဲဗာတန် နောက်ခံလူ John Stones ကို ကစားသမားရဲ့ အသင်းက ငြင်းပယ် နေတဲ့ ကြားထဲ ကနေ ခေါ်ယူဖို့ ပြန်လည် ကြိုးစား သွားအုံး မှာပါ။ ဒီနောက်ခံလူ ကိုတော့ ချယ်လ်ဆီး တစ်သင်းတည်းက ကမ်းလှမ်း နေတာ မဟုတ်ဘဲနဲ့ လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကလည်း ခေါ်ယူဖို့ စိတ်အား ထက်သန် နေပါတယ်။

ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းကလည်း Stones ကို ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်း ခဲ့ပေမယ့်လည်း ငြင်းဆို မှုကို ခံခဲ့ရ ပါတယ်။

ချယ်လ်ဆီးဟာ ယိုယွင်းနေတဲ့နောက်တန်းကို လူငယ်ခြေတက်တွေနဲ့ တစ်ဖန်ပြန်ပြီး တည်ဆောက်နေချင်ပြီး Stones က သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်သွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ နောက်ခံလူ Papy Djilobodji ကိုလည်း ပြန်လည်ရောင်းချဖို့ စီစဉ်လျက်ရှိနေပါတယ်။

နန့်စ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ Djilobodji ဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပွဲသာပါဝင်ကစားခွင့် ရရှိထားခဲ့ပါတယ်။

ဘာစီလိုနာအသင်းကလည်း John Stones ကို ခေါ်ချင်နေပြီး ကတ်တလန်နောက်ခံလူ Pique ကလည်း John Stones ကို အကောင်းဆုံး နောက်ခံလူတစ်ယောက်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဘာကာပရိသတ်တွေ ခေါ်ယူလိုတဲ့ ကစားသမားစာရင်းမှာ John Stones က ထိပ်ဆုံးကပါဝင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဘာစီလိုနာကစားသမားတွေကလည်း အင်္ဂလန်လက်ရွေးစင် နောက်ခံလူကို အသင်းမှာ လာရောက်ကစားစေချင်နေတယ်လို့ သိရပါတယ်။

Ref : The Sun

Originally published at - http://sports.thithtoolwin.com/2016/01/john-stones.html


No comments:

Post a Comment