
ရီယို အိုလံပစ် ပြိုင်ပွဲ၏ အမျိုးသမီး ကြိုးတပ် သံလုံးပစ် ပြိုင်ပွဲတွင် ပိုလန်နိုင်ငံမှ သံလုံးပစ်မယ် ဗိုဒါချက်က ကမ္ဘာ့ စံချိန်သစ် တစ်ရပ်ကို ရရှိ ခဲ့ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းက သူမ ကိုယ်တိုင် ရရှိ ထားသည့် စံချိန်ကို ထပ်မံကျော်ဖြတ် လိုက်ခြင်းလည်း ဖြစ်လာ ခဲ့သည်။
အသက် (၃၁) နှစ်အရွယ် ကြိုးတပ်သံလုံးပစ်မယ် အနေဖြင့် ဗိုလ်လုပွဲစဉ်အတွင်း (၈၂.၂၉) မီတာအထိ ရောက်ရှိအောင် ပစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က တင်ထားခဲ့သည့် စံချိန် (၈၁.၀၈) မီတာကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဗိုဒါချက်အနေဖြင့် အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် နောက်ဆုံး(၄) ကြိမ်ဆက် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ခူရှီက ဒုတိယ ရရှိခဲ့ပြီး ဗြိတိန်မှ ဟစ်ချန်က တတိယ ရရှိသွားခဲ့သည်။
Photo & Ref:AFP
The Voice
Originally published at - http://thevoicemyanmar.com/sports/825-sport

No comments:
Post a Comment