
ပရီးမီးယားလိဂ် ကလပ် အဲဗာတန် အသင်းသည့် ခရစ္စတယ် ပဲလေ့စ် အသင်း၏ ကွင်းလယ် ကစား သမား ဘိုလာဆီအား ပေါင် (၂၅) သန်းဖြင့် ခေါ်ယူ လိုက်ပြီ ဖြစ်သည်။
အသက် (၂၇) နှစ် အရွယ်ရှိ တောင်ပံ ကစားသမား ဘိုလာဆီ အတွက် အဲဗာတန် အနေဖြင့် ကနဦး ပေးချေခဲ့ရသော (၂၅) သန်း အပြင် စွမ်းဆောင်ရည်ပေါ် မူတည်၍ ပဲလေ့စ် အသင်းသို့ ပေါင်သန်း (၃၀) အထိ ပေးချေ ရဖွယ် ရှိကြောင်း သိရသည်။
အဲဗာတန်အသင်းမှာ ဘိုလာဆီအား (၅) နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဖူလ်ဟမ်မှ ဂိုးသမား စတီကီလန်ဘတ်၊ ဗီလာမှ ဂွီရီ၊ ဆွမ်ဆီးအသင်းမှ အက်ရှ်လေ ဝီလျံတို့၏ နောက် စတုတ္ထမြောက် ခေါ်ယူမှု ဖြစ်လာ ခဲ့သည်။
အဲဗာတန်အသင်းနည်းပြ ရော်နယ်ကိုးမန်းကလည်း ဘိုလာဆီမှာ ၎င်းကာလရှည်ကြာ စောင့်ကြည့်နေသော ကစားသမား ဖြစ်ကြောင်းနှင့် အဲဗာတန်အသင်း၏ တောင်ပံ တိုက်စစ်ပိုင်းအတွက် လိုအပ်သော ကစားသမား တစ်ဦး ဖြစ်ကြောင်း ဆိုလိုက်သည်။
Ref: BBC
The Voice
Originally published at - http://thevoicemyanmar.com/sports/824-plk





No comments:
Post a Comment