
ဂျပန် တုတ်ထောက်ခုန် ကစား သမား ဟီရိုကီ အိုဂီတာဟာ ရီယိုဒီ ဂျနေးရိုး အိုလံပစ် ပြိုင်ပွဲမှာ ဆုတံဆိပ် ဆွတ်ခူး ရယူနိုင်စေဖို့ အထိ ရည်မှန်းချက် ကြီးကြီး ထားပြီး လေ့ကျင့် ထားခဲ့ သူပါ။
ဒါပေမဲ့ ပြိုင်ပွဲ ၀င်ချိန် ရောက်တော့ သူ့ခမျာ ဆုတံဆိပ်နဲ့ လွဲချော် ခဲ့ရတဲ့ အပြင် နောက်ဆုံး အဆင့် ဆီတောင် မတက် လှမ်းနိုင်အောင် ဖြစ်သွား ခဲ့ရပါလေ တော့တယ်။
အိုဂီတာကို ဒုက္ခပေး သွားတာက အခြား မဟုတ်ပါဘူး။ မကြားဝံ့ မနာသာ စကား သူ့လိင်အင်္ဂါ ပါပဲ။
အမြင့် ငါးပေ သုံးလက်မ ပမာဏကို ခုန်ကျော် ချိန်မှာ သူ့ခန္ဓာကိုယ် တစ်ဝက် လွတ်မြောက် ပြီးချိန်ကို ရောက်မှ သူ့လိင် အင်္ဂါက တန်းနဲ့ သွားငြိ နေခဲ့လို့ အိုဂီတာခမျာ ခဲလေ သမျှ သဲရေကျ သွားခဲ့ ရပါတယ်။
ဒီသတင်းကို နိုင်ငံတကာ သတင်း မီဒီယာတွေက The only time a man wishes he had a SMALLER penis! ( သူ့လိင် အင်္ဂါကို အရွယ်အစား သေးငယ် သွားအောင် လူတစ်ယောက် ဆန္ဒပြု မိမယ့် တစ်ကြိမ်တည်းသော အချိန်) လို့ ခေါင်းစဉ်တပ် ဖော်ပြ သွားခဲ့ ကြတာပါ။
အိုဂီတာဟာ အခုဖြစ်ရပ်ကို လက်ရည်စစ်ပွဲ အဆင့် မှာတင် ကြုံတွေ့ခဲ့ ရတာဖြစ်ပြီး အဆုံးသတ်မှာ အဆင့် ၂၁ သာ ရရှိခဲ့တဲ့ အတွက် လက်ရည် စစ်ပွဲ မအောင်နိုင် ခဲ့ပါဘူး။
The Voice
Originally published at - https://www.facebook.com/thevoicemyanmar.mm

No comments:
Post a Comment