
ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျနေရိုးမှာ ကျင်းပနေတဲ့ အိုလံပစ် ပြိုင်ပွဲကြီးမှာ မီလာဟာ စိတ်လှုပ်ရှား အံ့ဩစရာ အပြုအမူ တစ်ခုနဲ့ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ကမ္ဘာ့ချန်ပီယံ အမေရိကန်သူ အေလီဆန် ဖီးလစ်ကို အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ်။
မီလာဟာ ၄၉.၄၄ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး ဖီးလစ်ကမူ ၄၉.၅၁ စက္ကန့်နဲ့ ဒုတိယ ရခဲ့ပါတယ်။ ဖီးလစ်ဟာ အိုလံပစ် ရွှေတံဆိပ် ၄ ခုကို ဆွတ်ခူး ထားသူ မီလာနဲ့ ဖီးလစ်တို့ဟာ မီတာ ၄၀၀ ပြေးလမ်း ပေါ်မှာ အကြိတ် အနယ် ယှဉ်ပြိုင်နေရင်း ဖီးလစ်က ယောင်ယောင်လေးမျှ အသာ ရနေခဲ့ ပါတယ်။
ဒါ့ကြောင့် ရွှေတံဆိပ်ကို အလွန် မျှော်လင့်နေတဲ့ မီလာက ပန်းဝင် ခါနီး နောက်ဆုံး အချိန်ပိုင်းလေးမှာ အန္တရာယ် များတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီး အရှိန်နဲ့ ပြေးနေရာ ကနေ ဒိုင်ဗင်ထိုး ပန်းဝင် ခဲ့တာ ဖြစ်ပါတယ်။
အနှေးပြကွက်တွေကို ပြန်လည် စစ်ဆေးခဲ့ပြီး ဒိုင်ဗင် ထိုးလိုက် တာမို့ သူမရဲ့ လက်က ဖီးလစ်ရဲ့ခြေထောက်ထက် စောပြီး ပန်းဝင် သွားတာကို တွေ့မြင် ခဲ့ရပါတယ်။
From : 7DayDaily - YouTube
Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ






No comments:
Post a Comment