
ဂျာမနီ လက်ရွေးစင် ဘောလုံး အသင်း တိုက်စစ်မှူး လူးကပ်စ် ပိုဒေါစကီးဟာ လက်ရွေးစင် အသင်း ကစားသမား ဘ၀ကနေ အနားယူ သွားပါတယ်။
အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူးဟာ ဂျာမနီ အသင်းကို ၂၀၁၄ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင် ကူညီ ထားပါတယ်။
သူဟာ ဂျာမန် လက်ရွေးစင် အသင်း အတွက် ၁၂၉ ပွဲမှာ ၄၈ ဂိုး သွင်းပေး ထားပါတယ်။
ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဆလိုဗက်ကီးယားအသင်းကို ၃ ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲမှာ ပိုဒေါစကီးက သူ့ရဲ့ ဂျာမန်အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပိုဒေါစကီးဟာ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်တို့မှာ ကစားခဲ့ဖူးပြီး လောလောဆယ် တူရကီကလပ် ဂါလာတာစာရေးမှာ ကစားနေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164068





No comments:
Post a Comment