မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 4, 2017

မန်ယူအသင်း အိမ်ကွင်းဝတ်စုံသစ် မိတ်ဆက်ပွဲ အခမ်းနား ပြုလုပ်




မန်ယူ အသင်းရဲ့ အိမ်ကွင်း ဝတ်စုံသစ် မိတ်ဆက်ပွဲ အခမ်း အနားကို ဇူလိုင် ၃ ရက် မနက် ပိုင်းက ပြုလုပ် ခဲ့ပါတယ်။

အတ်ဒီးဒတ်စ် (Adidas) က ထုတ်လုပ် လိုက်တဲ့ မန်ယူ အသင်းရဲ့ အိမ်ကွင်း ဝတ်စုံသစ် ဒီဇိုင်းမှာ ကော်လံနဲ့ ကြယ်သီးတွေ ပါဝင် လာပြီး လက်အစည်း ကိုလည်း အဖြူနဲ့ အနက် တွဲစပ်ပြီး ဒီဇိုင်းပြုလုပ် ထားပါတယ်။

ဝတ်စုံသစ်မိတ်ဆက်ပွဲမှာ အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ လင်ဒီလော့ဖ် အပါအဝင် ပေါ့ဂ်ဘာ၊ မာတာ၊ ဘလင်း၊ မစ်ခီတာယန်တို့ ပါဝင်ပြီး အသင်းမှာဆက်ရှိဖို့ မရေမရာဖြစ်နေတဲ့ အသင်းခေါင်းဆောင် ရွန်နီလည်း ဝတ်ဆင်ပြသခဲ့ပါတယ်။

မန်ယူအသင်းအတွက် ဒီနှစ်ရာသီဟာ အတ်ဒီးဒတ်စ်နဲ့ စာချုပ်ချုပ်ဆိုတာ ၃ နှစ်မြောက်ဖြစ်ပြီး တနှစ်ကို ပေါင် ၇၅ သန်းနဲ့ ၁၀ နှစ်စာအတွက် ပေါင်သန်း ၇၅၀ စပွန်ဆာစာချုပ် ချုပ်ဆိုထားတာပါ။

မန်ယူအသင်းဟာ ဒီဝတ်စုံသစ်ကို လာမယ့် ဇူလိုင် ၁၅ ရက်မှာ အမေရိကန်ကလပ် အယ်လ်အေဂလက်ဆီနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ စတင်ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/215957

No comments:

Post a Comment