Saturday, May 6, 2017
ASIAN Chinlone Championship 2017 Myanmar ပြိုင်ပွဲ ဆက်လက် ကျင်းပ
နေပြည်တော် မေ ၆
(၂၉) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ့ ရိုးရာ ခြင်းလုံး အသင်း အောင်မြင်မှုများ ရရှိစေရန်နှင့် ပြိုင်ပွဲဝင် အာဆီယံ အသင်းများ စိတ်ပါ ဝင်စား လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် ကျင်းပ ပြုလုပ်သော ASIAN Chinlone Championship 2017 Myanmar ပြိုင်ပွဲကို ယနေ့ နံနက် (၀၉း၃၀) နာရီ အချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိ (B)ရုံ၌ ဆက်လက် ယှဉ်ပြိုင် ကစား ကြပါသည်။
ယနေ့တွင် မြန်မာ့ရိုးရာခြင်းလုံး၏ ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဖဝါး၊ ဖနောင့်၊ ဖမျက် (၆)မျိုးကို အခြေခံ၍ ကစားရသော မူလအခြေခံအဆင့် မျိုးတူပြိုင်ပွဲ ပွဲစဉ်ကို မြန်မာ(A) အသင်းနှင့် မလေးရှား အသင်းတို့သည် ပထမ အကျော့၊ ဒုတိယ အကျော့ ပွဲစဉ်များ အဖြစ် ယှဉ်ပြိုင် ကစားကြရာ မလေးရှား အသင်းမှ မြန်မာ (B) အသင်းကို (၂၈၃)မှတ်၊ (၂၆၉) မှတ်ဖြင့် လည်းကောင်း၊ ထိုင်း အသင်းနှင့် မြန်မာ (A) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာ(A)အသင်းမှ ထိုင်းအသင်းကို (၄၆၈) မှတ်၊ (၄၄၇)မှတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိ သွားပါသည်။
ထို့နောက် ဗိုလ်လုပွဲစဉ်အဖြစ် မြန်မာ(A)အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာ(A)အသင်းမှ ထိုင်းအသင်းကို (၂၄၆)မှတ်၊ (၂၂၃)မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိပါသည်။
ပြိုင်ပွဲအပြီး ဒုတိယနေ့ မူလအခြေခံအဆင့်မျိုးတူပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုရ မြန်မာ(A) အသင်း၊ ဒုတိယဆုရ ထိုင်းအသင်း၊ တတိယဆုရ မလေးရှားအသင်းတို့အား အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်မင်းထွန်းမှ တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi
Originally published at - http://moigovnews.blogspot.com/2017/05/asian-chinlone-championship-2017-myanmar.html
Labels:
ခြင်းလုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment