မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 6, 2017

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့မှုကြောင့် စပါးစ်အသင်း ချန်ပီယံမျှော်လင့်ချက် ပျက်ပြယ်




ဒီနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင် ကစား ခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ၀က်စ်ဟမ်း အသင်းကို စပါးစ်အသင်းက ၁-၀ ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။

ဝက်စ်ဟမ်း အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ ကြတာ ဖြစ်ပေမယ့် စပါးစ်အသင်းက ဘောလုံး ပိုင်ဆိုင်မှုမှာတော့ အပြတ် အသတ် အသာစီးယူ ကစားနိုင် ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်း အတွက် တလုံး တည်းသော အနိုင်ဂိုး ကိုတော့ လန်ဇီနီက ပွဲချိန် ၆၈ မိနစ်မှာ သွင်းယူ ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် ချဲလ်ဆီးနဲ့ အကြိတ်အနယ် ဖြစ်နေတဲ့ စပါးစ် အသင်းဟာ ဒီပွဲ အရှုံးကြောင့် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး အတော်နည်း သွားပြီဖြစ်ပါတယ်။

စပါးစ်အသင်းဟာ ၃၅ ပွဲကစား ရမှတ် ၇၇ မှတ်၊ ချဲလ်ဆီးက ၃၄ ပွဲကစား ရမှတ် ၈၁ မှတ်နဲ့ အသီးသီး ရပ်တည်နေ ပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ ၃၆ ပွဲကစား ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/205020


Video From : espnfc.us

Video Originally published at - http://www.espnfc.us/blog

No comments:

Post a Comment