မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 5, 2017

ကစားပုံကို ပြောင်းလဲသွားမည် မဟုတ်ဟု အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် ပြော




ဝေဖန်မှုတွေ ရှိနေ ပေမယ့် သူ့ရဲ့ကစားပုံကို ပြောင်းလဲ သွားမှာ မဟုတ်ဘူးလို့ အာဆင်နယ် ကွင်းလယ် ကစားသမား အိုဇေးလ်က ပြောကြား လိုက်ပါတယ်။

အိုဇေးလ် အနေနဲ့ ကွင်း အတွင်းမှာ အင်တိုက် အားတိုက် ကြိုးစား ကစားခြင်း မရှိဘူးလို့ ပရိသတ် တချို့က ဝေဖန်နေ ကြတာပါ။

သူ့ရဲ့ကစားပုံကို ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့ သူတွေလည်း ရှိပြီး ဒါတွေကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ အိုဇေးလ်က goal.com နဲ့ အင်တာဗျူးမှာ ပြောကြား ခဲ့ပါတယ်။

အိုဇေးလ်က သူ့ရဲ့ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိသလို ချီးမွမ်းမှုတွေလည်း ရှိပေမယ့် နည်းပြရဲ့သုံးသပ်ချက်က ပိုပြီးအရေးပါတယ်လို့ ဆိုပါတယ်။

ဝေဖန်သူတွေအနေနဲ့ သူ့ရဲ့အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ကွင်းထဲမှာ အများကြီး ပြေးလွှားကစားတဲ့အကြောင်းနဲ့ ကောင်းမွန်တဲ့ အာရုံစူးစိုက်မှု ရှိတယ်ဆိုတာ တွေ့ရလိမ့်မယ်လို့ အိုဇေးလ်က တုံ့ပြန်ပြောပါတယ်။

အသက် ၂၈ နှစ်ရှိ ဂျာမနီလက်ရွေးစင် အိုဇေးလ်ဟာ ဒီနှစ်ရာသီမှာ အာဆင်နယ်အသင်းအတွက် ၁၁ ဂိုးသွင်းပြီး ၁၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/204858

No comments:

Post a Comment