
မန်ယူ အသင်း အနေနဲ့ တိုရီနို အသင်းက အသက် ၂၃ နှစ် အရွယ်ရှိ တိုက်စစ်မှူး အန်ဒရီယာ ဘယ်လော့တီကို ပေါင် ၆၄ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင် နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
ဘယ်လော့တီဟာ အခုနှစ် ရာသီမှာ တိုရီနိုအသင်း အတွက် ၂၅ ဂိုး သွင်းယူပေး ထားပါတယ်။
ဘယ်လော့တီဟာ ပြီးခဲ့တဲ့နှစ်ကနေ ၂၀၂၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားသူ ဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ဖို့ဆို ပေါင် ၈၅ သန်းနီးပါး ပေးချေရဖွယ် ရှိနေပါတယ်။
ဘယ်လော့တီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင် တယ်လို့ ပြောကြား ထားခဲ့သူ ဖြစ်ပြီး ချဲလ်ဆီး နည်းပြ ကွန်တီကလည်း မျက်စိ ကျနေ တယ်လို့ သိရပါတယ်။
မန်ယူ အသင်း အနေနဲ့ အသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီ မိုဗစ် ဒဏ်ရာ ရရှိနေတာနဲ့ ဝိန်းရွန်နီရဲ့ ခြေစွမ်း ကျဆင်းလာမှုကို ပြင်ဆင်ဖို့ အတွက် ခြေလှမ်း စလာ ခဲ့တာလည်း ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/204778





No comments:
Post a Comment