မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 5, 2017

ရပ်ရှ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်ယူက ဆယ်လ်တာဗီဂိုကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ် အဖြစ် စပိန် ကလပ် ဆယ်လ်တာဗီဂိုနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်တို့ မေ ၄ ရက်က ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

မန်ယူဟာ ဒီပွဲမှာ အဓိက ဂိုးသမား ဒီဂီယာကို အနားပေး ခဲ့ပြီး အရန် ဂိုးသမား ရိုမဲရိုးကို အသုံးပြု ခဲ့သလို ဒဏ်ရာက သက်သာ လာခဲ့တဲ့ နောက်ခံလူ အဲရစ် ဘိုင်လီနဲ့ ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာတို့ ပြန်ပါ လာခဲ့ ပါတယ်။

ဒီပွဲမှာ မန်ယူရဲ့ အပိုင် ကန်သွင်းချက် တချို့ကို ဆယ်လ်တာဗီဂို ဂိုးသမား အကောင်းဆုံး ကာကွယ်နိုင် ခဲ့တဲ့အတွက်လည်း မန်ယူတို့ ဂိုးရဖို့ ရုန်းကန် ခဲ့ရပါတယ်။

ဆယ်လ်တာဗီဂို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ မန်ယူက ထိုးဖောက် ကန်သွင်းခွင့် အနည်းငယ် အသာရ ခဲ့ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု မှာတော့ အိမ်ရှင် အသင်းက အသာရ ခဲ့ပါတယ်။

မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၇ မိနစ်မှာ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မေလ ၁၂ ရက်နေ့ မန်ယူကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/204778

No comments:

Post a Comment