မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 4, 2017

ဟဲဗီးဝိတ်တန်းမှ လက်ဝှေ့ အကျော်မော်များကို ကျော်ဖြတ်သွားမည်ဟု အန်တိုနီဂျော်ရွှာ ကြုံးဝါး


ပြီးခဲ့တဲ့ရက်ပိုင်းက အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းကြီးမှာ ဝလာဒီမာကလစ်ရှ်ကိုကို အနိုင်ယူပြီး ရှုံးပွဲမရှိစံချိန် ဆက်ထိန်းခဲ့တဲ့ အန်တိုနီ ဂျော်ရွှာဟာ မကြာခင်မှာ တိုက်ဆန်ဖျူရီ အပါအဝင် ဟဲဗီးဝိတ်တန်းက လက်ဝှေ့အကျော်အမော်တွေကို ကျော်ဖြတ်သွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ သူ့အနေနဲ့ အိပ်မက်တွေဟာ တကယ်ပဲဖြစ်လာခဲ့ပြီလို့လည်း ဆိုပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ဗလာဒီမာ ကလစ်ရှ်ကိုကတော့ သူ့အနေနဲ့ မကြာခင် ပြန်လာမယ်လို့ ပြောပါတယ်။ ဂျော်ရွှာဟာ ကလစ်ရှ်ကိုကို ၁၁ ချီမြောက်မှာ အလဲထိုးအနိုင်ရခဲ့ပြီး ၁၉ ပွဲဆက် အလဲထိုးစံချိန်ကို ရရှိခဲ့တာပါ။ ဂျော်ရွှာအနေနဲ့ ၂၀၁၈ ခုနှစ်မှာ နောက်ထပ်တပွဲ ထပ်မံထိုးသတ်သွားဖို့ရှိပေမယ့် တိုင်ဆန်ဖျူရီနဲ့တော့ မဟုတ်ဘူးလို့ သိရပါတယ်။ From : ဒီဗွီဘီ Originally published at - http://burmese.dvb.no/archives/204592

No comments:

Post a Comment