
ချဲလ်ဆီး အသင်းကို စိတ်ပိုင်း ဆိုင်ရာ အရ ဖိအားပေး သွားမယ်လို့ စပါး နည်းပြ ပိုချက် တီနိုက ပြောကြား လိုက်ပါတယ်။
စပါး အသင်းဟာ အာဆင်နယ် အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ တာကြောင့် ချဲလ်ဆီး အသင်းကို ၄ မှတ် အကွာနဲ့ ဆက်ပြီး ဖိအားပေးနိုင် ခဲ့တာပါ။
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ မှာ စပါးဟာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ကစားရမှာပါ။
အဲဒီပွဲဟာ ချဲလ်ဆီးအသင်း မကစားခင်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ဝက်စ်ဟမ်းကို အနိုင်ယူပြီး ချဲလ်ဆီးအသင်းကို ဖိအားပေးသွားမယ်လို့ ပိုချက်တီနိုက ပြောပါတယ်။
ချဲလ်ဆီးအသင်းကတော့ တန်းဆင်းဇုန်မှာ ရပ်တည်နေတဲ့ မစ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းက မစ်ဒယ်ဘရော့၊ ဝက်စ်ဘရွန်း၊ ဝတ်ဖို့ဒ်၊ ဆန်းဒါးလန်းအသင်းတို့နဲ့ ကစားဖို့ကျန်ရှိနေပြီး စပါးအသင်းက ဝက်စ်ဟမ်း၊ မန်ယူ၊ လက်စတာ၊ ဟားလ်စီးတီးအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/204454

No comments:
Post a Comment