မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 11, 2015

စိတ်ကျန်းမာရေး အနည်းငယ် ယိုယွင်းသည့် အတွက် ဖီဖာ ဥက္ကဋ္ဌဟောင်းကို ဆေးရုံတင်




ကမ္ဘာဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ရာထူး ကနေ ဆိုင်းငံ့ ခံထားရတဲ့ ဆပ်ဘလတ္တာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အနည်းငယ် ချွတ်ယွင်းတဲ့ အတွက် ဆေးရုံ တင်လိုက် ရပါတယ်။

အသက် ၇၉ နှစ် ဘလတ္တာက ဖီဖာကို ၁၈ နှစ်ကြာ ဦးဆောင်ခဲ့ပြီး အကျင့်ပျက် ခြစားမှုတွေကြောင့် ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံ ထားရပါတယ်။

လက်ရှိမှာတော့ ရှောခ့်ဖြစ်ပြီး ပြန်လည် သက်သာဖို့ မျှော်လင့်နေပါတယ်။ နိုဝင်ဘာ ၁၇ ရက်အထိ ဆေးရုံမှာ ကုသခံရမှာ ဖြစ်သလို အရင်တပတ်ကလည်း စစ်ဆေးမှုခံယူဖို့ ဆေးရုံကို ပို့ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

အရင် ၅ ရက်က ရှေ့နေ ရစ်ချက်ကာလင်ကလည်း ဖိအားနဲ့ပတ်သက်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘလတ္တာနဲ့ အတူ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီကလည်း ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရသလို ဘလတ္တာက ဘယ်ကော်မတီကမှ သူကို ထုတ်ပစ်လို့မရဘူးလို့ သူငယ်ချင်းတွေကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/122082

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment