မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 29, 2015

အခွန်ရှောင်မှုဖြင့် မာရှေယာနို တရားစွဲခံရ



ဓာတ်ပုံ - ရိုက်တာ

ဘာစီလိုနာ ကစားသမား မာရှေယာနို ဟာ အခွန်ရှောင်မှုနဲ့ တရား စွဲဆို ခံနေရ ပါတယ်။

မာရှေယာနိုဟာ အခွန် ယူရို ၁ သန်းခွဲ ပေးဆောင်ဖို့ ပျက်ကွက်မှုနဲ့ စပိန် အခွန် အာဏာပိုင်တွေက တရားစွဲဆိုထားတာပါ။

မာရှေယာနိုဟာ ၂၀၁၁ မှာ အခွန်ဆောင်ဖို့ ယူရို ၆ သိန်းနီးပါးနဲ့ ၂၀၁၂ မှာ ယူရို ၉ သိန်းကျော် ပေးဆောင်ဖို့ ပျက်ကွက်တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

အခုကိစ္စအတွက် ဘာစီလိုနာ ကစားသမားက တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

မာရှေယာနိုရဲ့ ဘာစီလိုနာ အသင်းဖော် ဘရာဇီးသား နေမာဟာလည်း အခွန်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် မာရှေယာနိုဟာ လီဗာပူးကနေ ဘာစီလိုနာကို ၂၀၁၀ ခုနှစ်မှာ ပြောင်းရွှေ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/113927

No comments:

Post a Comment