
စက်တင်ဘာ ၂၈ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်က ၀က်စ်ဘရွန်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင် ၀က်စ်ဘရွန်းအသင်းက ၂ ဂိုးအသာနဲ့ ဦးဆောင်တာကို ခံရပြီး အဲဗာတန်က နောက်ကနေ လိုက်ကစားခဲ့ရတာပါ။
ဒီပွဲဟာ အပြန်အလှန်နဲ့ အကြိတ်အနယ် ရှိခဲ့ပြီး အဲဗာတန်က ထိုးဖောက်ကန်သွင်းခွင့် ပိုရခဲ့တာပါ။
ဒီပွဲမှာ အဲဗာတန် တိုက်စစ်မှူး လူကာကူ ခြေစွမ်းပြ ကစားနိုင်လို့ ဒီပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ အဲဗာတန်က ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်လာပြီး ၀က်စ်ဘရွန်းအသင်းက ၈ မှတ်နဲ့ အဆင့် ၁၅ ကို လျှောကျသွားပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/113918

No comments:
Post a Comment