
နယူးဇီလန် အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်း။ (ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်)
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားဖို့ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းကို ကစားသမား ၂၄ ဦးနဲ့ အပြီးသတ် ရွေးချယ် ဖွဲ့စည်း လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန် ပါတယ်။
လက်ရွေးစင်အသင်းမှာ ရှေ့တန်းကစားသမားတွေအဖြစ် မောင်မောင်လွင် (ဟံသာဝတီ)၊ သန်းပိုင်၊ ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်)၊ ဆမ်လမ်မန် (ချင်းယူနိုက်တက်) တို့ကို ရွေးချယ်ထားပါတယ်။
အလယ်တန်းမှာတော့ အောင်သူ၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ ရှိုင်းသူရ (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး၊ သီဟဇော် (ဧရာဝတီ) တို့ကို ရွေးချယ်ထားပါတယ်။
နောက်တန်းမှာတော့ ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ ခင်မောင်လွင် (ရန်ကုန်ယူနိုက်တက်)၊ နန္ဒကျော်၊ ကျော်ဇင်လွင် (မကွေး)၊ ဇော်ရဲထွန်း၊ စည်သူအောင် (ရတနာပုံ)၊ ဇော်လင်း (KBZ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ) တို့ကို ရွေးချယ်ထားပြီး ဂိုးသမားတွေကတော့ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (KBZ)၊ ရန်အောင်လင်း (ဟံသာဝတီ) တို့ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲယှဉ်ပြိုင်မယ့် မြန်မာအသင်းဟာ အာရှဇုန် အုပ်စု ဂျီမှာ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုတို့နဲ့ အတူကျရောက်နေပါတယ်။
မြန်မာအသင်းဟာ ဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခံထားရလို့ အိမ်ကွင်းပွဲစဉ်တွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ကစားမှာဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့မှာ လက်ဘနွန်အသင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ လာအိုအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
လက်ရှိ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲ ကစားထားခဲ့ရာမှာ မြန်မာအသင်းဟာ တောင်ကိုရီးယားကို ၂ ဂိုး ဂိုးမရှိ၊ ကူဝိတ်ကို ၉ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ထားသလို လာအိုနဲ့ ၂ ဂိုးစီသရေကျလို့ ရမှတ် ၁ မှတ်သာ ရရှိထားပြီး အုပ်စုတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114002

No comments:
Post a Comment