
ဗီယက်နမ် ယူ ၁၉ နှင့် ဟောင်ကောင် ယူ ၁၉ တို့ ယှဉ်ပြိုင်စဉ်။ (ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်)
စက်တင်ဘာ ၂၈ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ အာရှ ယူ ၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) ပွဲစဉ်တွေမှာ ဗီယက်နမ်က ဟောင်ကောင်ကို ၃ ဂိုး ၁ ဂိုး၊ တီမောက ဘရူနိုင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
အာရှယူ ၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) ပွဲစဉ်တွေကို မြန်မာက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေ တာပါ။
ပထမပွဲစဉ် အဖြစ် ယှဉ်ပြိုင်တဲ့ ပွဲမှာ ဗီယက်နမ်နဲ့ ဟောင်ကောင်တို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျ ခဲ့တာပါ။
ဒုတိယ ပိုင်းမှာ ဗီယက်နမ်က တိုက်စစ်တင် ကစား သွားပြီး အနိုင်ဂိုး ၂ ဂိုးကို သွင်းယူ ခဲ့တာပါ။
ဒုတိယ ပွဲစဉ်မှာတော့ တီမောက ခြေအသာနဲ့ ကစားပြီး ဘရူနိုင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
အိမ်ရှင် မြန်မာယူ ၁၉ အသင်းဟာ ပွဲဦးထွက် အဖြစ် ဘရူနိုင်းနဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/113911

No comments:
Post a Comment