
စက်တင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်း ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ အီတလီ စီးရီးအေ ပြိုင်ပွဲ အင်တာမီလန်နဲ့ ဖီအိုရင် တီးနားတို့ ပွဲစဉ်မှာ ဖီအိုရင် တီးနားက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိ သွားပါတယ်။
ဖီအိုရင် တီးနား အတွက် ဂိုးတွေကို ပွဲချိန် ၄ မိနစ်မှာ Josip Ilicic က ပယ်နယ်တီမှ တဆင့် အဖွင့်ဂိုး၊ ၁၈ မိနစ်နဲ့ ၂၃ မိနစ်တွေမှာ Nikola Kalinic က ၂ ဂိုးဆက် သွင်းယူပြီး ပထမပိုင်း အပြီးမှာ ဖီအိုရင်တီးနားက ၃ ဂိုးပြတ်နဲ့ ဦးဆောင် ခဲ့တာပါ။
ပထမပိုင်းပွဲချိန် ၃၂ မိနစ်မှာ အင်တာမီလန် အသင်းက Miranda အနီကတ်နဲ့ အထုတ် ခံခဲ့ရလို့ ကျန်တဲ့ ပွဲကစား ချိန်တွေကို အင်တာ မီလန်အသင်း ၁၀ ယောက်တည်းနဲ့ ကစားခဲ့ ရပါတယ်။
ပွဲချိန် မိနစ် ၆၀ မှာ အင်တာမီလန်က Mauro Icardi ချေပဂိုး ၁ ဂိုး သွင်းယူ ခဲ့ပေမယ့် ၇၁ မိနစ်မှာ ဖီအိုရင်တီးနားက Nikola Kalinic ကပဲ စတုတ္ထဂိုး သွင်းယူ ခဲ့လို့ ပွဲအပြီးမှာ ဖီအိုရင် တီးနားက အင်တာ လီလန်ကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိ သွားပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/113780

No comments:
Post a Comment