မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 5, 2015

ဒဏ်ရာရသူများပေမယ့် ကစားပုံ ထိခိုက်မည်မဟုတ်ဟု မန်စီးတီးနည်းပြပြော




မန်ချက်စတာ စီးတီး မန်နေဂျာ ပယ်လီဂရီနီက အသင်း သားတွေ ဒဏ်ရာ ရရှိထား ပေမ့ယ် အသင်းရဲ့  ကစားပုံကို ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

စတုတ် စီးတီးနဲ့ ပွဲမှာ ဂိုးသမား ဂျိုဟတ် ပြန်ကစားနိုင် ပေမယ့် ကစားသမား အတော် များများကတော့ မကစားနိုင် သေးပါဘူး။

ဂိုးသမား ဟတ်ဟာ နိုဝင်ဘာ ၂၅ ရက်နေ့က ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ် ပွဲမှာ ဒဏ်ရာ ရခဲ့တာကြောင့် နားနေ ရပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ပွဲမှာ ခြေထောက် ဒဏ်ရာ ရရှိထားတဲ့ မန်စီးတီး ထိပ်တန်း ကစားသမား ဆာဂီယို အဂွီရို ကစားနိုင်ချင်မှ ကစားနိုင်ပါလိမ့်မယ်။

ဒီဇင်ဘာ ၇ ရက်နေ့ ချန်ပီယံလိဂ် ပွဲကျရင်တော့ အားကိုးရတဲ့ တိုက်စစ်မှူးကို ပွဲထုတ်နိုင်ဖို့ နည်းပြ ပယ်လီဂရီနီက မျော်လင့်နေပါတယ်။

ဒဏ်ရာရ စာရင်းမှာ အလယ်တန်း ကစားသမား ယာယာတိုရေးနဲ့ ဇာဘလက်တာ၊ ကုန်ပနီ၊ နာစရီ၊ ရောဘတ်တို့လည်း ရှိနေပြီးေ နာက်ခံလူ မန်ဂဲလာလည်း ပွဲပယ်ခံထားရပါတယ်။

By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/125605

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment