မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 4, 2015

ဘာစီလိုနာမှာပဲ Messi နဲ့ အချိန်အတော်ကြာ ဆက်ရှိနေမယ်လို့ Suarez ပြော




ဘာစီလိုနာ တိုက်စစ်မှူး Suarez ဟာ ဘာစီလိုနာ အသင်းမှာ အကောင်းဆုံး ခြေစွမ်း ပြလျက်ရှိပြီး သူ့အနေနဲ့ အသင်းကို စွန့်ခွာ တော့မှာ မဟုတ်ဘဲ ကစားသမား ဘဝကိုပါ ဘာစီလိုနာ အသင်းမှာပဲ ကုန်ဆုံး သွားတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူဟာ နေစီယွန်နယ် အသင်းမှာ ဘောလုံး သမား ဘဝကို အစပြု ခဲ့ပြီး ဂရိုနင်ဂျန် ၊ အေဂျက်စ် စတဲ့ အသင်းတွေမှာ ကစားခဲ့ ရပြီး လီဗာပူးလ် အသင်းကို ရောက်ရှိ လာခဲ့တာပါ။

လီဗာပူးလ် အသင်းမှာ ခြေစွမ်းပြ ကစားနိုင် ခဲ့တာကြောင့် သူ့ကစားဖို့ အိပ်မက် မက်ခဲ့တဲ့ ဘာစီလိုနာ အသင်းက ပေါင် ၇၅ သန်းနဲ့ ခေါ်ယူ ခဲ့တာပါ။ သူဟာ နျူးကမ့်မှာတော့ ၂၀၁၉ အထိ စာချုပ် ချုပ်ဆို ထားပြီး ဒီရာသီမှာ အသင်း အတွက် ၁၂ ဂိုး သွင်းယူ ထားပေးနိုင်ပြီး ဘာစီလိုနာ အသင်းကို လာလီဂါ ဇယား ထိပ်မှာ ရပ်တည်နိုင်အောင် အကောင်းဆုံး အထောက် အကူပြုပေး ထားနိုင် တာလည်း ဖြစ်ပါတယ်။

ဥရုဂွေးနိုင်ငံသား Suarez ကတော့ သူ့အနေနဲ့ ကတ်တလန်မြေက ထွက်ခွာဖို့ ဘယ်လိုမှ မဖြစ်နိုင် တော့ဘဲ အသင်းဖော် Messi ဟာလည်း အသင်းကို စွန့်ခွာ သွားနိုင်ချေ မရှိဘူးလို့ ပြောပါတယ်။ "

တခြားအသင်း တွေက ကျွန်တော့်ကို အခု လစာထက် သုံးဆ ပိုပေးမယ် ဆိုရင်တောင် အသင်းကို စွန့်ခွာ သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီအသင်းကို ရောက်ဖို့ အတွက် အများကြီး အနစ်နာ ခံခဲ့ရတယ်။ ကျွန်တော် ဒီအသင်းမှာ ကစားခွင့်ရဖို့ အမြဲ အိပ်မက် မက်ခဲ့ရတာ။ ကျွန်တော့် မိသားစုလည်း ဒီမှာ ပျော်ပါတယ်။ ဒီမြို့လေးကိုလည်း ကျွန်တော်ရဲ့ လက်တစ်ဖက် လိုပဲ အလေး ထားပါတယ် " လို့ ပြောပါတယ်။

ဒါ့အပြင် လာမယ့်နွေရာသီမှာ ပရီးမီးယား လိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတဲ့ ဂိုးသွင်းဖော် Messi ရဲ့ အနာဂတ်နဲ့ ပတ်သက် ပြီးတော့လည်း Suarez က " ကျွန်တော် ဒီမှာ နှစ်ပေါင်း များစွာ ကစား သွားမှာပါ။

မက်ဆီလည်း ထွက်ခွာနိုင်ချေ မရှိနိုင်ပါဘူး။ သူကလည်း ဒီမှာပျော်နေ သလို သူ့ရဲ့ မိသားစုလည်း အဆင်ပြေ နေတယ်။ သူက ပါရမီရှင် ကစားသမား တစ်ယောက်ပါ။ သူက ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား အဖြစ် နှစ်ပေါင်းများစွာ ဆက်ရှိနေ ပါလိမ့်မယ် " လို့ ပြောခဲ့ပါတယ်။

Ref : Express

Original link - http://sports.thithtoolwin.com/2015/12/messi-suarez.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment