မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 6, 2017

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လက်ရွေးစင်များအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး အားပေး




ရန်ကုန်၊ မေ ၆
ဩဂုတ် ၁၉ ရက်မှ (၃၀) ရက်နေ့ မလေးရှား နိုင်ငံ၌ အိမ်ရှင် အဖြစ် ကျင်းပ ပြုလုပ်မည့် (၂၉) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး ကျင်းပ နိုင်ရန် ရက်ပေါင်း (၁၀၆) ရက်သာ လိုတော့သည့် အတွက်ကြောင့် မြန်မာ အားကစား သမားများ အနေဖြင့် ယခင် ကထက် ပြင်းပြင်း ထန်ထန် လေ့ကျင့် စေနိုင်မှုနှင့် နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေး က အစ လေ့ကျင့်ရေး ဝတ်စုံနှင့် လေ့ကျင့်ရေး အထောက် အကူပြု ပစ္စည်းများ ဖြည့်ဆည်း ပေးနိုင် မှုနှင့် နည်းပြများ၏ ခေတ်မှီ သော နည်းစနစ် များဖြင့် သင်ကြား ပေးနိုင်မှု အခြေ အနေများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် တာဝန်ရှိ သူများသည် ယမန်နေ့ နေ့လည် (၁) နာရီအချိန်မှ စ၍ ရန်ကုန်မြို့ အားကစား လေ့ကျင့်ရေး စခန်း အသီးသီးသို့ သွားရောက် ကြည့်ရှု့ အားပေးရာ အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်း ပြသ ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ့ချုပ် လေ့ကျင့်ရေး စခန်းတွင် ပဏာမ လက်ရွေးစင် အားကစား သမား များ လေ့ကျင့်နေမှု များအား ကြည့်ရှု အားပေးသည်။

ဆက်လက်၍ အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ ဘော်လီဘော လေ့ကျင့်ရေး အားကစားရုံ၌ ပဏာမလက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်း လေ့ကျင့်နေမှုအားလည်းကောင်း၊ တိုက်ကွမ်ဒို အားကစားလေ့ကျင့်ရေးရုံအား လည်းကောင်း၊ ကရာတေးဒိုလေ့ကျင့်ရေးခန်းမ၌ ပဏာမ လက်ရွေးစင် အမျိုးသား / အမျိုးသမီး ကရာတေးဒို လေ့ကျင့် နေမှုနှင့် ကြံ့ခိုင်မှု၊ သွက်လက်မှု၊ လျင်မြန်ဖြတ်လတ်မှုနှင့် ပြိုင်ပွဲဝင် ပုံစံ ကစားကွက်များကို သရုပ်ပြသ ကြပြီး ပြည်ထောင်စု ဝန်ကြီးမှ ပဏာမ လက်ရွေးစင် ကရာတေးဒို အားကစားသမား များအား ရင်းရင်းနှီးနှီး အားပေး စကား ပြောကြားသည်။

ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်ရှိ National Golf Range သို့ ရောက်ရှိရာ အဖွဲ့ချုပ်ဥက္ကဋ္ဌဦးကိုကိုအေးမှ ဂေါက်သီး လေ့ကျင့်ရေးကွင်း အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက Golf Range ကိုပြန်လည် အဆင့်မြင့်တင်နိုင်ရေး အတွက်မှာကြားသည်။

ယင်းနောက် သုဝဏ္ဏဘိုလင်း အားကစားရုံသို့ ရောက်ရှိကာ ပဏာမ လက်ရွေးစင် အားကစားသမားများနှင့် ဉာဏ်ရည်မမှီမသန်စွမ်း အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး စကားပြောကြားသည်။

ထို့နောက် ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံ၌ အမျိုးသမီးဘတ်စကက်ဘောအသင်း လေ့ကျင့် နေမှုအား ကြည့်ရှုအားပေးကာ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အတွက်ကောင်းသော မခံချင်စိတ်ဖြင့် အစွမ်းကုန် ကြိုးစား လေ့ကျင့်စေလိုကြောင်းဖြင့် အားပေးစကား ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2017/05/asian-chinlone-championship-2017-myanmar.html


No comments:

Post a Comment