
မနေ့ ညက ယှဉ်ပြိုင် သွားတဲ့ ကွန်ဖက် ဒရေးရှင်း ဖလား အုပ်စုဘီ နောက်ဆုံး ပွဲစဉ်မှာ ဂျာမနီနဲ့ ချီလီ အသင်းတို့ ဆီမီး ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ဂျာမနီနဲ့ ကင်မရွန်းတို့ ပွဲစဉ် မှာတော့ ဂျာမနီက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဂျာမနီ အတွက် အနိုင်ဂိုးတွေကို ဒီမာဘေးက ၁ ဂိုးနဲ့ ဝါနာက ၂ ဂိုး သွင်းယူပြီး ကင်မရွန်းအတွက် ချေပဂိုး ၁ ဂိုးကိုတော့ တိုက်စစ်မှူး အဘူဘာကာက သွင်းယူပါတယ်။
ဂျာမနီအသင်းဟာ ၇ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဆီမီးမှာတော့ ဂျာမနီဟာ တဘက်အုပ်စုက ဒုတိယဖြစ်တဲ့ မက္ကဆီကိုအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ချီလီနဲ့ သြစတြေးလျ အသင်းတို့ ပွဲစဉ်မှာတော့ ၁ ဂိုးစီ သရေကျသွားပါတယ်။ သြစတြေးလျအသင်းက ၄၂ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ၆၈ မိနစ်မှာ ရော်ဂီဂွတ်က ချီလီအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲသရေကျလို့ ချီလီက ၅ မှတ်ရပြီး အုပ်စု ဒုတိယနေရာကနေ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ချီလီဟာ ဆီမီးမှာ တဘက်အုပ်စုက အုပ်စုဗိုလ်ဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ဆုံရမှာပါ။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/214447

No comments:
Post a Comment