
မန်ချက်စတာ ယူနိုက်တက် အသင်းက တော့တင်ဟမ် ဟော့စပါး အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးပြီး ခေါ်ယူဖို့ လုပ်ဆောင် နေတယ်လို့ ဗြိတိသျှ မီဒီယာဖြစ်တဲ့ မေရာမှာ ရေးသား ထားပါတယ်။
မန်ယူ နည်းပြ မော်ရင်ဟိုရဲ့ ပစ်မှတ်က စီရော်နယ်ဒို မဟုတ်ဘူး လို့လည်း ဆိုထား ပါတယ်။
အစောပိုင်း သတင်းတွေမှာတော့ မန်ယူက ရော်နယ်ဒိုကို ပြန်ခေါ်ဖို့ ကြိုးစား နေတယ်ဆိုပြီး ခန့်မှန်းနေ ကြတာပါ။
စပါးအသင်း တာဝန်ရှိသူတွေကတော့ သူတို့တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတာတွေကို စိတ်မဝင်စားဘူးလို့ ပြောဆိုထားပါတယ်။
မန်ယူအသင်းက စိတ်ဝင်စားခြင်းကို ခံနေရတဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး ကိန်းဟာ ပြီးခဲ့တဲ့ရာသီမှာ စပါးအသင်းအတွက် ခြေစွမ်းပြ ကစားထားပါတယ်။
သူဟာ စပါးအတွက် ပြီးခဲ့တဲ့ရာသီမှာ ၂၉ ဂိုး သွင်းယူပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/214447

No comments:
Post a Comment