
ပြင်သစ် လီဂူး ကလပ် နိုက်စ် အသင်းက တိုက်စစ်မှူး မာရီယို ဘာလော့ တယ်လီကို စာချုပ် သက်တမ်း တနှစ်တိုး လိုက်ပါတယ်။
အသက် ၂၆ နှစ် အရွယ် အီတလီ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီမှာ နိုက်စ်အသင်း အတွက် ၁၅ ဂိုး သွင်းယူပေး ထားပါတယ်။
နိုက်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ခြေစစ်ပွဲအဆင့်ကနေ ဝင်ပြိုင်ခွင့် ရရှိထားပါတယ်။
အီတလီတိုက်စစ်မှူး ဘာလော့တယ်လီဟာ ၂၀၁၆ ခုနှစ်မှာ လီဗာပူးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြင်သစ်ကလပ်ကို ရောက်ရှိလာတာပါ။
သူဟာ အီတလီ လက်ရွေးစင်အသင်းအတွက် ၃၃ ပွဲ ကစားခွင့်ရထားပြီး ၁၃ ဂိုး သွင်းယူထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/214503





No comments:
Post a Comment