မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 25, 2017

MMA ပြိုင်ပွဲတွင် ထိုးသတ်မည့် ကစားသမား စာရင်း ထုတ်ပြန်




လာမယ့် ဇွန်လ ၃၀ ရက် ရန်ကုန်မှာ ကျင်းပမယ့် MMA ကိုယ်ခံ ပညာ ပေါင်းစုံ တိုက်ခိုက်မူ ပြိုင်ပွဲမှာ ပါဝင် ထိုးသတ်မယ့် ကစား သမား တွေကို ထုတ်ပြန် လိုက်ပါတယ်။

အဓိက တွဲဆိုင်း အဖြစ် မြန်မာ နိုင်ငံက အောင်လ အန်ဆန်က ရုရှား နိုင်ငံသား ဗစ်တယ်လီ ဘစ်ခ်ျဒက်ရှ်နဲ့ မစ်ဒယ် ၀ိတ်တန်း ရွှေခါးပတ် ချန်ပီယံလုပွဲ အဖြစ် ယှဉ်ပြိုင် ထိုးသတ်ရ မှာပါ။

အောင်လ အန်ဆန် အနေနဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပတဲ့ စိန်ခေါ်ပွဲမှာ အမှတ်နဲ့ ရှုံးခဲ့ တာကြောင့် ဒုတိယ အကြိမ် စိန်ခေါ်ထိုး သတ်တာပါ။

စုစုပေါင်း တွဲဆိုင်း ၁၁ ပွဲ ပါဝင်ပြီး ပြည်တွင်း တွဲဆိုင်း ၆ ပွဲ၊ ရိုးရာ လက်ဝှေ့ တွဲဆိုင်း တပွဲနဲ့ နိုင်ငံ တကာ တွဲဆိုင်း ၄ ပွဲ ပါဝင် ပါတယ်။

ပြည်တွင်းတွဲဆိုင်းတွေထဲမှာ ဖလိုင်းဝိတ်တန်း ချန်ပီယံရွှေခါးပတ်လုပွဲလည်း ပါဝင်ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်နှစ်ပွဲအဖြစ် စောမင်းမင်းနဲ့ ထွန်းလွင်မိုး၊ ရဲသွေးနီနဲ့ ပတ်ကျော်လင်းနိုင်တို့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။

ဘင်ဝိတ်တန်းပွဲစဉ်အဖြစ် သပြေညိုနဲ့ ထက်အောင်ဦး၊ ကတ်ခ်ျဝိတ်တန်းမှာ စောရန်ပိုင်နဲ့ စောဘဦး၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအဖြစ် သွေးသစ်ဝင်းလိုင်နဲ့ စိုးထက်ဦးတို့ ထိုးသတ်မှာဖြစ်ပါတယ်။

နိုင်ငံတကာတွဲဆိုင်းတွေမှာတော့ တရုတ်နိုင်ငံက ဇောင်ကွမ်နဲ့ တောင်ကိုရီးယားက ကီဗင်ချမ်း၊ ဘရာဇီးကဘရူနိုပက်စီနဲ့ ဖိလစ်ပိုင်က ဂျင်မီရာဘို၊ အမျိုး သမီးတွဲဆိုင်းအဖြစ် တရုတ်တိုင်ပေက ဂျင်နီဟောင်နဲ့ ဂျပန်က ယာမာဂူချီတို့ရဲ့ ပွဲစဉ်တွေလည်းပါဝင်ပါတယ်။

လက်မှတ်ဈေးနူန်းတွေအဖြစ် ကျပ်နှစ်သိန်းကနေ တစ်သောင်းကျပ်အထိ သတ်မှတ်ထားပါ တယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214373

No comments:

Post a Comment