မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 25, 2017

အောင်သူနှင့် သန်းပိုင်တို့၏ သွင်းဂိုးများဖြင့် ယူ ၂၂ က All Star ကို အနိုင်ရ




မလေးရှား ဆီးဂိမ်း ပြိုင်ပွဲ ၀င်ဖို့ ပြင်ဆင် နေတဲ့ မြန်မာ ယူ ၂၂ လူငယ် ဘောလုံး အသင်းဟာ မြန်မာ နေရှင်နယ်လိဂ်က All Star လက်ရွေးစင် အသင်းနဲ့ မနေ့ ညနေက ရန်ကုန် သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲ ကစားရာမှာ မြန်မာ ယူ ၂၂ အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။



မြန်မာ All Star အသင်းကို လက်ရွေးစင်အသင်းက ကစားသမား အများစုနဲ့ မြန်မာ နေရှင်နယ်လိဂ်မှာ ခြေစွမ်း ပြနေတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပြီး ပထမပိုင်း ပွဲချိန် ၁၈မိနစ်မှာပဲ ဝါရင့်တိုက်စစ်မှူး ရန်ပိုင်ရဲ့ခေါင်းတိုက်ဂိုးနဲ့သွင်းယူပြီး ဦးဆောင်က စားသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာယူ၂၂ အတွက်ချေပဂိုးကို ပွဲချိန်၇၁ မိနစ်မှာ သန်းပိုင်က သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲချိန်၇၉မိနစ်မှာ အောင်သူက အဝေးကနေ ကန်သွင်း ယူခဲ့ ပါတယ်။



All Star အသင်းမှာ လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ၀ါရင့်တိုက်စစ်မှူး ရန်ပိုင်၊ ကျော်ကိုကို၊ ရန်အောင်၊ တင်ဝင်းအောင်၊ ဇော်မင်းထွန်းတို့ ပွဲထွက် ကစားခဲ့ပြီး ဒွေးကိုကိုချစ်၊ မင်းမင်းသူ၊ ချစ်စုမိုး၊ စိုးမြတ်သူ၊ ပြည့်လျှံအောင်တို့ကို လူစားလဲကစားသွားခဲ့ပါတယ်။

ယူ၂၂ အသင်းကိုတော့ အောင်သူ၊ စည်သူအောင်၊ ထိုက်ထိုက်အောင်၊ မောင်မောင်လွင်၊ ဟိန်းသီဟဇော် စသူတွေနဲ့ ပွဲထွက်ကစားခဲ့ပြီး နောက်ပိုင်းမှာ သန်းပိုင်း၊ လှိုင်းဘိုဘို၊ အောင်ကောင်းမာန် စသူတွေကို လူလဲကစားသွားခဲ့တာဖြစ်ပါတယ်။



မြန်မာယူ၂၂အသင်းဟာ အာရှယူ၂၃ခြေစစ်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေ အတွက်ဖွဲ့စည်းလေ့ကျင့်နေတာဖြစ်ပြီး လာမယ့် ဇွန်လ၂၈ရက်မှာစတင်မယ့် KBZ Bank Cup ဖိတ်ခေါ်ပြိုင်မှာလဲ ကမ္ဘောဒီးယားယူ၂၂၊ ဟောင်ကောင်ယူ၂၂၊ ဂျပန်တက္ကသိုလ်လက်ရွေးစင် အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214327

No comments:

Post a Comment