မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 22, 2017

ပီအက်စ်ဂျီ ကွင်းလယ်လူ ဗာရက်တီကို ဘာစီလိုနာက ခေါ်ယူရန် သဘောတူ




ဘာစီလိုနာ အသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ် ကစား သမား ဗာရက်တီကို ခေါ်ယူဖို့ ကစား သမားနဲ့ သဘော တူညီမှု ရရှိထား တယ်လို့ သိရ ပါတယ်။

အီတလီ ကွင်းလယ် ကစားသမား ဗာရက်တီဟာ ပီအက်စ်ဂျီ အသင်းမှာ ခြေစွမ်းပြ နေသူဖြစ်ပြီး ချဲလ်ဆီး အသင်းကလည်း ကမ်လှမ်း ခဲ့ပေမယ့် ဘာစီလိုနာ အသင်းကို ရွေးချယ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗာရက်တီကို ပီအက်စ်ဂျီ အသင်းက တိုက်စစ်မှူး ကာဗာနီကို ပေးချေတဲ့ လစာဖြစ်တဲ့ တနှစ် ပေါင် ၁၀ သန်း စာချုပ်သက်တမ်းတိုးဖို့ ကမ်လှမ်း ခဲ့ပေမယ့် ကစားသမား ဘက်က ပယ်ချ ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ကွင်းလယ် ကစားသမား ဗာရက်တီ အတွက် ပေါင်သန်း ၆၀ ကျော် ပေးချေ ရဖွယ်ရှိပြီး ပီအက်စ်ဂျီ အသင်းနဲ့ ပြောင်းရွှေ့ကြေး ဆက်လက် ဆွေးနွေး ရဦးမှာပါ။

အသက် ၂၄ နှစ်ရှိ ဗာရက်တီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ၄၂ ပွဲအထိ ကစားခဲ့ပြီး ၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213819

No comments:

Post a Comment