မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 28, 2017

ဥရောပ ယူ-၂၁ ဆီမီးဖိုင်နယ်တွင် ဂျာမနီနှင့် စပိန် အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်




ပိုလန် နိုင်ငံမှာ ကျင်းပနေတဲ့ ဥရောပ ယူ-၂၁ ဘောလုံး ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် ပွဲစဉ်တွေ အဖြစ် အင်္ဂလန်နဲ့ ဂျာမနီ၊ စပိန်နဲ့ အီတလီတို့ မနေ့က ယှဉ်ပြိုင်ရာ ဂျာမနီနဲ့ စပိန်တို့ အနိုင် ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်း သွားပါတယ်။



ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် နာမည်ကြီး အင်္ဂလန်နဲ့ ဂျာမနီတို့ ပွဲစဉ်မှာတော့ ပွဲချိန် ၃၅ မိနစ်မှာ Selke က ဂျာမနီအတွက် အဖွင့်ဂိုးသွင်းယူပြီး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

အင်္ဂလန်အတွက် ချေပဂိုးကို ပွဲချိန် ၄၁ မိနစ်မှာ ဂရေးက သွင်းယူပေးခဲ့သလို မိနစ် ၅၀ မှာ အေဘရာဟမ်က ဦးဆောင်ဂိုးသွင်းယူပြီး ၂ ဂိုး ၁ ဂိုးနဲ့ ပွဲကို ပြန်လည်ဦးဆောင်နိုင်ပေမယ့် ပွဲချိန် မိနစ် ၇၀ မှာ Platte က ဂျာမနီအတွက် ချေပဂိုး သွင်းယူပေးခဲ့လို့ ပွဲချိန် မိနစ် ၉၀ အပြီး ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

ဒီ့နောက် အချိန်ပိုမှာလည်း တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာ ဂျာမနီက ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းသွားပါတယ်။



ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် နာမည်ကြီး စပိန်နဲ့ အီတလီတို့ ပွဲစဉ်မှာတော့ စပိန်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

စပိန်အတွက် အနိုင်ဂိုး ၃ ဂိုးစလုံးကို အသင်းခေါင်းဆောင် နီဂွက်ဇ် တဦးတည်းက ပွဲချိန် ၅၃ မိနစ်၊ ၆၅ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ ဟက်ထရစ်သွင်းယူပေးခဲ့တာပါ။

အီတလီအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၆၂ မိနစ်မှာ ဘာနာဒက်ရှီက သွင်းယူပေးခဲ့ပါတယ်။

ဥရောပ ယူ-၂၁ နောက်ဆုံးဗိုလ်လုပွဲအဖြစ် လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ဂျာမနီနဲ့ စပိန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214885

No comments:

Post a Comment