မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 28, 2017

အမေရိကား ခြေစမ်းပွဲ မတိုင်မှီ ကစားသမား ၃ ဦး စာချုပ် ချုပ်နိုင်ရန် မန်စီးတီး မျှော်လင့်




ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အသင်းဟာ အမေရိကား ခြေစမ်းပွဲစဉ် မတိုင်ခင် ကစားသမား ၃ ဦးကို စာချုပ် ချုပ်နိုင်ဖို့ အတွက် မျှော်လင့်နေ ပါတယ်။

ဘာစီလိုနာ ကစား သမားဟောင်း၊ လက်ရှိ ဂျူဗင်တပ်စ် ညာနောက်ခံလူ ဒန်နီယယ် အဲလ်ဗက်စ်၊ စပါးအသင်းက ဝေါ်လ်ကာ၊ မိုနာကို ဘယ်နောက်ခံလူ မန်ဒီတို့ကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာပါ။

အဲလ်ဗက်စ်နဲ့ အသင်းနည်းပြ ဂွာဒီယိုလာတို့ဟာ ဘာစီလိုနာအသင်းမှာကတည်းက ရင်းနှီးလာခဲ့တာဖြစ်လို့ ခေါ်ယူလိုနေတာဖြစ်ပြီး ဝေါ်လ်ကာအတွက် ပေါင်သန်း ၄၀၊ မန်ဒီအတွက် ပေါင်သန်း ၄၀ အသုံးပြုဖို့ အသင့်ရှိနေခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးအသင်းဟာ အာဆင်နယ်ကွင်းလယ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကိုလည်း ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဂိုးသမားနေရာအတွက် အီဒါဆင်၊ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214879

No comments:

Post a Comment