မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 26, 2017

လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူနိုင်ရေး အာဆင်နယ် ဆွေးနွေးသွားမည်




အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး လာကာ ဇက်တီကို ခေါ်ယူဖို့ အတွက် လိုင်ယွန် အသင်းနဲ့ တပတ် အတွင်း ဆွေးနွေး သွားမယ်လို့ သိရ ပါတယ်။

အာဆင်နယ် နည်းပြ အာစင် ဝင်းဂါးဟာ မိုနာကို တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူ လိုပေမယ့် ပြောင်းရွှေ့ကြေး များတဲ့ အပြင် ကစားသမား ကိုယ်တိုင်ကလည်း တနှစ်ထပ် ကစားဖို့ ဆန္ဒရှိနေ တာကြောင့် လာကာဇက်တီကို ပစ်မှတ်ထား လာတာပါ။

အာဆင်နယ်အသင်းအနေနဲ့ လိုင်ယွန်အသင်းဥက္ကဋ္ဌ မိုက်ကယ်အောလက်စ်နဲ့ တပတ်အတွင်း ဆွေးနွေးတော့မှာဖြစ်ပြီး လိုင်ယွန်အသင်းဘက်က ပေါင် ၃၅ သန်းအထက်ရမှ ရောင်းချမယ်လို့ သိရပါတယ်။

လာကက်ဇက်တီအနေနဲ့ ဒီနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်လို့လည်း အတည်ပြု ပြောကြားထားပါတယ်။

အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင် လက်ကာဇက်တီဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းအတွက် ၄၅ ပွဲမှာ ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214543

No comments:

Post a Comment