
ချဲလ်ဆီး အသင်းက နည်းပြ ကွန်တီကို တနှစ် ပေါင် ၉ ဒသမ ၅ သန်းနဲ့ စာချုပ် အသစ် ထပ်ချုပ် လိုက်ပါတယ်။
ဒါကြောင့် သူဟာ ချယ်ဆီး အသင်းကို ၂၀၂၁ ခုနှစ် အထိ တာဝန်ယူ ကိုင်တွယ် ရမှာပါ။
အီတလီ လက်ရွေးစင် အသင်း နည်းပြ ကွန်တီဟာ ၂၀၁၆ ခုနှစ်က ချယ်ဆီး အသင်းကို ပြောင်းရွှေ့ လာခဲ့ပြီး သူတာဝန် ယူခဲ့တဲ့နှစ်မှာပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တာပါ။
အသက် ၄၇ နှစ်အရွယ် အီတလီနိုင်ငံသား ကွန်တီဟာ ဂျူဗင်တပ် နည်းပြအဖြစ် တာဝန်ယူနေတဲ့ ၂၀၁၃ ခုနှစ်က ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ရရှိထား ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/213660





No comments:
Post a Comment