မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 6, 2016

ဘရာဇီး ရီယိုအိုလံပစ် ပြိုင်ပွဲတွင် မြန်မာ ကစားသမား ၆ ဦး ပါဝင် ယှဉ်ပြိုင်မည်




ဘရားဇီးနိုင်ငံ ရီယိုဒီဂျနီးရိုး မြို့မှာ လာမယ့် သြဂုတ်လ ကျင်းပဖို့ ရှိနေတဲ့ အိုလံပစ် ပြိုင်ပွဲမှာ သေနတ်ပစ် အပါဝင် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစား သမား ၆ ဦး ပါဝင် ယှဉ်ပြိုင်ဖို့ ရှိနေ တယ်လို့ မြန်မာနိုင်ငံ အိုလံပစ် aက်ာမတီ က ပြောပါတယ်။

ပစ္စတို သေနတ်ပစ် အားကစား နည်းမှာ ကိုရဲထွန်းနောင်က အရေ အချင်းစစ် အောင်မြင်လို့ ၀င်ပြိုင်မှာ ဖြစ်ပြီး ကျန် အားကစားမား ၅ ဦးကတော့ ဖိတ်ခေါ်တဲ့ အတွက် ၀င်ပြိုင်ခွင့် ရတာလို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။

“အားကစားသမားကတော့ နှစ်မျိုးရှိတာပေါ့။ ပထမတမျိုးကတော့ အရည်အချင်းစစ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ပြီးတော့ qualify ဖြစ်ပြီး အရည်အချင်းမီပြီး ၀င်ပြိုင်မှာကတစ်ယောက်၊ သူက သေနတ်ပစ်သမား သေနတ်ပစ်အားကစားနည်းပေါ့။ ကျန်တာကတော့ qualify မဖြစ်ဘူး၊ လက်ရေတော့မမီဘူးပေါ့လေ။ သို့သော်လည်း ဖိတ်ကြားခြင်းခံရတဲ့ အားကစား သမားပေါ့၊ လျာထားတာပေါ့။ ကျနော်တို့ကတော့ အဆိုပြုပေးတာ ၅ ယောက်ပါ။ အားလုံးပေါင်း ၆ ယောက်ကျနော်တို့ လုပ်ထားတယ်။”

မြန်မာအားကစားသမားတွေပါဝင်ယှဉ်ြ့ပိုင်မယ့် အားကစားနည်းတွေကတော့ မြားပစ်၊ လက်ဝှေ့၊ ဂျူဒို၊ တိုက်ကွမ်ဒိုနဲ့ ကနူးလှေလှော် အားကစားနည်းတွေဖြစ်ပြီး တမျိုးစီမှာ တဦးစီဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့အဆင့်ဒီပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေ ဆုတံဆိပ်တွေရဖို့တော့ ခက်ခဲပါ လိမ့်မယ်လို့ ဦးခင်မောင်လွင်ကပြောပါတယ်။

“ပါဝင်ယှဉ်ပြိုင်တာလောက်ပါဘဲ။ ဆုတံဆိပ်ရဖို့ ဘာဖို့ ဆိုတာ တော်တော်လေးခက်ပါတယ်။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အခုအချိန်အထိပေါ့လေ ၁၉၄၈ ကစပြီး ကျနော်တို့ ၀င်ပြိုင်ခဲ့တာပါ၊ ၁၄ ကြိမ်မြောက် လန်ဒန်အိုလံပစ်ပြိုင်ပွဲကနေ အခုအကြိမ် ၃၁ ကြိမ်အထိပေါ့၊ အခုအချိန် အထိက ကျနော်တို့ ရွှေငွေကြေးတံဆိပ် တခါမှ မရဘူးသေးဘူး။ အနီးစပ်ဆုံးကတော့ ၂၀၀၀ ပြည့်နှစ် ဆစ်ဒနီအိုလံပစ်မှာ အမျိုးသမီး အလေးမအားကစားမှာ စတုတ္တနေရာအထိ ရဖူးတယ်။”

မြန်မာနိုင်ငံအနေနဲ့ ၁၉၇၂ ခုနှစ် ဂျာမနီနိုင်ငံ မြူနစ် အိုလံပစ်အားကစားပြိုင်ပွဲမှာ မြန်မာ ဘောလုံးအသင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အသန့်ရှင်းဆုံး ဘောလုံးအသင်းဆုပါ ရရှိခဲ့ပါတယ်။

၂၀၁၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို လာမယ့် သြဂုတ် ၅ ရက်ကနေ ၂၁ ရက်ထိ ဘရားဇီးနိုင်ငံ ရီယိုဒီဂျနီးရိုးမြို့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ လောက်က အားကစားသမားပေါင်း ၁သောင်းကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံက အိုလံပစ်ကော်မတီတာဝန်ရှိသူတွေ၊ အသင်းအုပ်ချုပ်သူတွေနဲ့ အားကစားတွေ အပါဝင် ၁၅ ဦးလောက်သွားရောက်ဖို့ အစီအစဉ်ရှိနေပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/148579

No comments:

Post a Comment