မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 6, 2016

အာဆင်နယ် အလယ်တန်း ကစားသမား ချိန်ဘာလိန် ယူရိုပြိုင်ပွဲ လွဲပြီ




မေ ၆၊ လန်ဒန်

အာဆင်နယ် အသင်းမှ အင်္ဂလန် အလယ်တန်း ကစား သမား ချိန်ဘာလိန်သည် ရရှိ ထားသည့် ဒူး ဒဏ်ရာကြောင့် လာမည့် ယူရို ၂၀၁၆ ပြိုင်ပွဲကို လွဲချော် ရတော့မည် ဖြစ်သည်။

ချိန်ဘာလိန်သည် ထို ဒူးဒဏ်ရာကို ယခု တစ်ပတ် လေ့ကျင့်ရေး ကွင်းတွင် ရရှိ ခဲ့ခြင်းဖြစ်ပြီး ရက် သတ္တပတ် ရှစ်ပတ် နီးပါး အနားယူ ရမည် ဖြစ်သည့် အတွက် လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် စတင် ကျင်းပမည့် ယူရိုပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နိုင် aတာ့မည် မဟုတ်ပေ။

'ချိန်ဘာလိန် ယူရိုပြိုင်ပွဲသွားဖို့ အခွင့်အရေးမရှိတော့ပါဘူး။ ဒီသတင်းကို အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကို မပြောရသေးပါဘူး။ မနေ့က ကျွန်တော့်တစ်ယောက်ကိုပဲ အသိပေးသေးလို့ပါ။

အသင်းရဲ့ ဆေးအဖွဲ့၊ ချိန်ဘာလိန်တို့နဲ့ ကျွန်တော် စကားပြောခဲ့ပြီးပါပြီ။ လာမယ့် ဇူလိုင်လအထိ သူကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါက တကယ့် သတင်းဆိုးပါပဲ။

အသက် ၂၂ နှစ်အရွယ်လူငယ်တစ်ယောက်က ယူရိုပြိုင်ပွဲကို ကစားချင်မှာပါပဲ။ တကယ်ဝမ်းနည်းဖို့ကောင်းပါတယ်။ သူက ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ အောင်မြင်မှုမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်သူလည်း ဖြစ်ပါတယ်' ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဖိုးဖိုးတူး

မဇ္ဈိမသတင်း by - အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/13904

No comments:

Post a Comment