Wednesday, September 21, 2016
အချိန်ပိုသွင်းဂိုးများဖြင့် လက်စတာကို ချဲလ်ဆီးအနိုင်ယူ (ရုပ်သံဟိုက်လိုက်)
အင်္ဂလန် လိဂ်ဖလား တတိယ အဆင့် ပြိုင်ပွဲ အဖြစ် လက်စတာနဲ့ ချဲလ်ဆီးတို့ စက်တင်ဘာ ၂၀ ရက် ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင် ရပြီး နောက် တဆင့် တက်ရောက် သွားပါတယ်။
လက်ရှိ ပရီးယားလိဂ် အမှတ်ပေးချန်ပီယံ လက်စတာအတွက်တော့ ပြိုင်ပွဲတခုကနေ စောစောစီးစီး ထွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေမှာ အပြတ်အသတ် အသာရခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ လက်စတာက သွင်းယူနိုင်ခဲ့တာပါ။
ပွဲချိန် ၁၇ မိနစ်နဲ့ ၃၄ မိနစ်တွေမှာ လက်စတာအတွက် အိုကာဇာကီ တဦးတည်း ၂ ဂိုး သွင်းပေးခဲ့ပြီး ပထမပိုင်း ပြီးခါနီး နာကျင်အချိန်ပိုမှာ ချဲလ်ဆီးနောက်ခံလူ ဂယ်ရီ ကာဟေးလ်က
ချေပဂိုး ၁ ဂိုး သွင်းယူခဲ့လို့ ပထမပိုင်းမှာ လက်စတာက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒီနောက် ဒုတိယပိုင်း ပြန်စပြီး ၄၉ မိနစ်မှာ ချဲလ်ဆီးအတွက် အက်ဇ်ပီလီကျူတာက ချေပဂိုး တဂိုး ထပ်မံသွင်းယူပေးခဲ့လို့ သာမန်ပွဲကစားချိန်အပြီးမှာ ၂ ဂိုးစီသရေကျခဲ့ပါတယ်။
ပွဲချိန် ၈၉ မိနစ်မှာ လက်စတာ ကစားသမားတဦး နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရတဲ့အတွက်လည်း အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာမှာ လက်စတာ ဆယ်ဦးတည်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
အချိန်ပိုပထမပိုင်းစပြီး မကြာခင်မှာပဲ ချဲလ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်က ၂ ဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး လိဂ်ဖလားပြိုင်ပွဲ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
အချိန်ပိုမှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဖာဘရီဂတ်စ်ကိုလည်း ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169123
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment