Wednesday, September 21, 2016
မြန်မာယူ ၁၉ အသင်း ထိုင်းနှင့်သရေကျပြီး အုပ်စုအဆင့်မှ ထွက်
အာဆီယံ ယူ ၁၉ ပြိုင်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်တွေကို စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင် ကစား ခဲ့ပြီး မြန်မာ အသင်းက ထိုင်းအသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့ပါတယ်။
မြန်မာ အသင်းဟာ ထိုင်း အသင်းကို အနိုင် ရရှိမှ အုပ်စု တက်ဖို့ မျှော်လင့်ချက် ရှိမှာဖြစ်ပေမယ့် သရေသာ ကစားနိုင်ခဲ့ပြီး အုပ်စု အဆင့်ကနေ ထွက်ခဲ့ ရပါတယ်။
မြန်မာယူ ၁၉ အသင်းဟာ အုပ်စုပွဲစဉ် ၅ ပွဲမှာ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားအသင်းတွေကို အနိုင်ရခဲ့ပေမယ့် သြစတြေးလျကို ရှုံးခဲ့ပြီး လာအို၊ ထိုင်း အအသင်း တို့နဲ့ သရေကျ ခဲ့လို့ ရမှတ် ၈ မှတ်နဲ့ အုပ်စု အဆင့်က ထွက်ခဲ့ ရတာပါ။
တချိန်တည်း ကစားခဲ့တဲ့ သြစတြေးလျနဲ့ လာအို အသင်းတို့ ပွဲစဉ်မှာ သြစတြေးလျ အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။
မြန်မာအသင်းပါဝင်တဲ့အုပ်စု ခ မှာ ထိုင်းအသင်းက ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမရခဲ့ပြီး သြစတြေးလျအသင်းက ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၁၂ မှတ်နဲ့ အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ် တက်သွားပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို စက်တင်ဘာ ၂၂ ရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ထိုင်းနဲ့ အရှေ့တီမော၊ ဗီယက်နမ်နဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/169116
Subscribe to:
Post Comments (Atom)
No comments:
Post a Comment